■ ကက်စီမီရိုအား ခေါ်ယူရန်  အယ်လ်အစ်တီဟတ်အသင်း  ဆွေးနွေး

■ ကက်စီမီရိုအား ခေါ်ယူရန်  အယ်လ်အစ်တီဟတ်အသင်း  ဆွေးနွေး
Photo: Getty Images
Photo: Getty Images
Published 12 July 2024

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ် အသင်းသည် မန်ယူဝါရင့်ကွင်းလယ်ကစားသမား ကက်စီမီရိုအား ခေါ်ယူရန် ဆွေးနွေးနေကြောင်း သိရသည်။ 

အသက် (၃၂) နှစ်အရွယ်ရှိ ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမား ကက်စီမီရိုသည် ၂၀၂၂ တွင် ရီးယဲလ်အသင်းမှ မန်ယူအသင်းထံသို့ Add-ons ကြေးများအပါအဝင် ပေါင်သန်း (၇၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

သို့သော် ကက်စီမီရိုသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် မန်ယူအသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပြီး ယခုနွေတွင် အသင်းမှထွက်ခွာမည်ဟု သတင်းထွက်နေသူဖြစ်သည်။ 

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ကက်စီမီရိုကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ယခုအခါ မန်ယူအသင်း နှင့်ဆွေးနွေးနေကြောင်း သိရသည်။ 

မန်ယူအသင်းသည် လစာများစွာပေးချေနေရသည့် ကက်စီမီရိုအား ပြောင်းရွှေ့ကြေးရချိန်တွင် ရောင်းထုတ်လိုနေကြောင်း သိရသည်။ 

Most Read

Most Recent