■ နည်းပြဘဝအတွက် အကောင်းဆုံးအောင်မြင်မှုဟု ဆောက်ဂိတ် ပြောကြား

■ နည်းပြဘဝအတွက် အကောင်းဆုံးအောင်မြင်မှုဟု ဆောက်ဂိတ် ပြောကြား
Photo: AFP
Photo: AFP
Published 12 July 2024

အင်္ဂလန်အသင်းအား ၎င်းလက်ထက် မေဂျာပြိုင်ပွဲလေးကြိမ်တွင် ဗိုလ်လုပွဲနှစ်ကြိမ်၊ ဆီမီးဖိုင်နယ်တစ်ကြိမ်၊ ကွာတားဖိုင်နယ်တစ်ကြိမ် ပို့ဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဂါရတ်ဆောက်ဂိတ်က အကောင်းဆုံးအောင်မြင်မှုဟု ပြောကြားခဲ့သည်။  

"ဒါက ကျွန်တော့်ရဲ့ နည်းပြဘဝအတွက် အကောင်းဆုံး အောင်မြင်မှုဖြစ်မယ်လို့ ထင်ပါတယ်။ ဒါက နောက်ထပ်မှတ်တိုင်တစ်ခုပါ။ ဒါပေမဲ့ ပွဲချိန်တစ်လျှောက်လုံး ကျွန်တော်တို့ကစားတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ အားလုံးက ချစ်ခင်မှုကို လိုချင်ကြတယ် မဟုတ်လား။ ကိုယ့်နိုင်ငံအတွက် တစ်ခုခုလုပ်ပေးနိုင်တဲ့အခါ ခင်ဗျားက ဂုဏ်ယူစရာကောင်းတဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်လိမ့်မယ်။ ထောက်ခံမှုမရှိတော့ဘူးလို့ ခံစားရတဲ့အချိန်မှာ ခင်ဗျားဖတ်လိုက်သမျှတွေက ဝေဖန်မှုတွေ ဖြစ်နေလိမ့်မယ်။ အဲဒါက ခက်ခဲပါတယ်။ ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်ရောက်ဖို့အတွက် အောင်ပွဲခံရတာ အရမ်းကို ထူးခြားပါတယ်။ အထူးသဖြင့် ဒီအထိ လာအားကြတဲ့ ပရိသတ်တွေအတွက်ပေါ့။ သူတို့က ဒီလိုညမျိုး တစ်ညလောက်ရနိုင်ဖို့ အံ့အား သင့်စရာကောင်းအောင် ငွေကြေးအကုန်အကျခံပြီး လာခဲ့ရတာပါ"ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။

Most Read

Most Recent