ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်းသတင်းသည် သတင်းမှားဖြစ်ဟု ရိုးမဘဏ်ကြေညာ

ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်းသတင်းသည် သတင်းမှားဖြစ်ဟု ရိုးမဘဏ်ကြေညာ
Published 11 July 2024

ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်းသတင်းသည် သတင်းမှားဖြစ်ဟု ရိုးမဘဏ်က ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ရိုးမဘဏ်၏အသိပေးကြေညာချက်တွင် ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်း စသည့်သတင်းများသည် မဟုတ်မမှန် မသမာသည့် ရည်ရွယ်ချက်နှင့် ထုတ်လွှင့်သည့် သတင်းမှားသာဖြစ်ကြောင်းနှင့် နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍနှင့် ငွေကြေးစျေးကွက်မတည်ငြိမ်မှု ဖြစ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့မတည်ငြိမ်မှုများကြောင့် ပြည်သူတို့၏ အကျိုးစီးပွားထိခိုက်စေရန် ဆောင်ရွက်ချက်များဖြစ်ကြောင်း၊ ထို့ကြောင့် ရိုးမဘဏ်အနေဖြင့် မဟုတ်မမှန် သတင်းဖြန့် ချိသူများကို တည်ဆဲဥပဒေများဖြင့် တရားစွဲဆိုပြီး ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စင်ကာပူစတော့အိတ်စ်ချိန်းစာရင်းဝင် မြန်မာနိုင်ငံအခြေစိုက် Yoma Strategic Holdings လုပ်ငန်းစုကြီးသည် ဇူလိုင် ၁၀ ရက်တွင် ကုမ္ပဏီ၏ ရှယ်ယာစျေး စင်ကာပူစတော့စျေးကွက်တွင် ကျဆင်းသွားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

လက်ပြောင်းလက်လွှဲလုပ်သည့် များပြားသော ရှယ်ယာ ၁၄၆ ဒသမ ၃ သန်းနှင့်အတူ စင်ကာပူစံတော်ချိန် ညနေ ၃ နာရီ ၅၄ မိနစ်အချိန်ထိ ရိုးမားစတော့ရှယ်ယာသည် ၂၅ ဒသမ ၇ ရာခိုင်နှုန်း သို့မဟုတ် ၃ ဒသမ ၃ ဆင့် (Cent) ကျဆင်းကာ တန်ဖိုးအားဖြင့် ၁၀ ဒသမ ၇ ဆင့်အထိ ကျဆင်းသွားခဲ့ကြောင်း၊ ဇူလိုင် ၁၀ ရက်တွင် ၁၀ ဒသမ ၃ ဆင့်ဖြင့် စျေးပိတ်ခဲ့ရာ ၂၈ ဒသမ ၄၇ ရာခိုင်နှုန်း သို့မဟုတ် ၄ ဒသမ ၁ ဆင့် ကျဆင်းသွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

Most Read

Most Recent