လက်ဘနွန်-အစ္စရေး နယ်စပ်ပဋိပက္ခ မြင့်တက်မှုလက္ခဏာများ

လက်ဘနွန်-အစ္စရေး နယ်စပ်ပဋိပက္ခ မြင့်တက်မှုလက္ခဏာများ
Published 9 July 2024
မေသုတ

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ တုံ့ဆိုင်းလျက်ရှိသည်။ လက်ဘနွန်- အစ္စရေးနယ်စပ်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခ အဆုံးသတ်ရန် ရှင်းလင်းပြတ်သားသောနည်းလမ်း မရှိသေးပေ။ ဟစ်ဇ်ဘိုလာနှင့် အစ္စရေး တပ်ဖွဲ့များသည် နေ့စဉ်နှင့်အမျှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြသည်။ ယင်းတိုက် ခိုက်မှုများသည် နယ်စပ်နှစ်ဖက်လုံးရှိ သစ် တောများနှင့် လယ်ယာမြေများကို မီးလောင် ပျက်စီးစေသည်။

ထောက်ပံ့မှုပြတ်လပ်ခြင်းနှင့် ဘေးကင်း လုံခြုံရေး စိုးရိမ်မှုများကို ပိုမိုဆိုးရွားလာစေ သော ယင်းမီးလောင်မှုများသည် လက်ဘနွန် နိုင်ငံတောင်ပိုင်းနှင့် အစ္စရေးမြောက်ပိုင်းရှိ လယ်ယာမြေ ဟက်တာပေါင်းထောင်ချီကို လောင်ကျွမ်းစေခဲ့ကာ ပဋိပက္ခ ပိုမိုမြင့်တက် လာမှု၏ ရှင်းလင်းပြတ်သားသော လက္ခဏာ တစ်ရပ်ဖြစ်လာခဲ့သည်။

          ယင်းသည် အပြည့်အဝဖြစ်ပွားမည့် စစ် ပွဲတစ်ရပ်ဖြစ်လာစေရန် အခွင့်အလမ်းများ ပိုမိုမြင့်တက်လာစေပြီး နယ်စပ်နှစ်ဖက်လုံးရှိ ပြည်သူများအပေါ် ဆိုးရွားသောသက်ရောက် မှုများ ရှိလာစေနိုင်သည်။ အချို့မှာမူ ပိုမိုကြီး ထွားလာသော ပဋိပက္ခတစ်ရပ်ကြောင့် မီး လောင်မှုများသည် မြေယာများကို နဂိုအတိုင်း ပြန်မကောင်းစေနိုင်သော ပျက်စီးမှုအထိဖြစ် လာနိုင်မည့်အရေးကို စိုးရိမ်လျက်ရှိသည်။

လက်ဘနွန်မီးဘေး

          အစ္စရေးတွင် ဟစ်ဇ်ဘိုလာ၏ ရော့ကတ် များဖြင့်ပစ်ခတ်မှုကြောင့် မီးလောင်နေသည့် ဓာတ်ပုံများသည် အများပြည်သူကို နာကြည်း မှုဖြစ်စေခဲ့ကာ အစ္စရေး၏ လက်ယာစွန်းအ မျိုးသားလုံခြုံရေးဝန်ကြီး အိုင်တာမာဘန်ဂျီ ဗီယာက လက်ဘနွန်၏အားလုံးကို မီးရှို့ရန် အချိန်ကျရောက်ပြီဟု လွန်ခဲ့သည့်လက ကြေ ညာခဲ့သည်။

          လက်ဘနွန်နယ်စပ်၏ နေရာအများစု သည် မီးလောင်ကျွမ်းခဲ့ပြီးဖြစ်သည်။

          လက်ဘနွန်တွင် မီးလောင်မှုများသည် လွန်ခဲ့သည့်ဧပြီကုန်တွင် စတင်ခဲ့ပြီး ယင်း သည် ပုံမှန်တောမီးလောင်ကျွမ််းလေ့ရှိသည့်  ရာသီထက် ပိုမိုစောနေကာ နယ်စပ်တစ် လျှောက်ရှိ ကျေးလက်နေရာအများအပြား တွင် လောင်ကျွမ်းလျက်ရှိသည်။

          လက်ဘနွန်၏ အရှေ့တောင်ပိုင်းအစွန်း  ရှိ တောင်တန်းများတွင် တည်ရှိသော ဆွန်နီ မြို့ဖြစ်သည့် ချီဘားတွင် ဟစ်ဇ်ဘိုလာအနည်း ငယ်မျှသာရှိပြီး ယင်းမြို့သည် အခြားနယ်စပ် ကျေးရွာများကဲ့သို့ မကြာခဏ ပစ်မှတ်ထားခံ ရခြင်းမရှိပေ။

          သို့သော် ပစ်ခတ်တိုက်ခိုက်သံများကို ပုံမှန်ကြားနေရပြီး ယင်းမြို့၏အထက် တောင် တန်းများတွင် ယခင်က ဝက်သစ်ချပင်များ စီတန်းစိုက်ပျိုးထားသော တောင်ကြောတစ် လျှောက်သည် မီးလောင်ပြီး ပြောင်ရှင်းလျက် ရှိသည်။

          မြို့ပြင်ဘက်ရှိ ချယ်ရီသစ်သီးခြံတွင် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုတစ်ခု ကြောင့် မီးလောင်ခဲ့ပြီးနောက် အညိုရောင် အရွက်များအကြားတွင် အသီးများတွဲလောင်း ကျလျက်ရှိသည်။ မီးသတ်သမားများနှင့် ဒေ သခံအမျိုးသားများက ခြံထဲမှ မီးတောက်များ နေအိမ်များနှင့် အနီးအနားရှိ ကုလသမဂ္ဂ       ငြိမ်းချမ်းရေးထိန်းသိမ်းရေးစင်တာဆီ ကူး စက်လောင်ကျွမ်းခြင်းမရှိစေရန်အတွက် မီး ငြိှမ်းသတ်ခဲ့ကြသည်။

          “မြက်ပင်တွေကတော့ နောက်နှစ်ဆိုရင် ပြန်ပေါက်လာနိုင်ပေမဲ့ အပင်တွေကိုတော့ ဆုံးရှုံးလိုက်ရပါပြီ”ဟု ယင်းသစ်သီးခြံပိုင်ရှင် မော်ဆာဆပ်က ဆိုသည်။

          “ကျွန်တော်တို့ ပျိုးပင်တွေယူပြီး ထပ် စိုက်ရမှာပါ။ ဒါပေမဲ့ ရိတ်သိမ်းနိုင်ဖို့ ငါးနှစ် သို့မဟုတ် ခုနစ်နှစ်လောက် အချိန်ယူဖို့လိုပါ တယ်”ဟု ၎င်းင်းကဆိုသည်။

          ဆပ်က ၎င်းင်း၏ဇနီးနှင့် အသက်ရှစ်နှစ် အရွယ် သမီးဖြစ်သူတို့နှင့်အတူ ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ရန်ငြင်းဆိုခဲ့သည်။ ၎င်းင်းတို့သည် အခြားနေရာတွင် နေထိုင်နိုင်ရန် စရိတ်တတ် နိုင်ခြင်းမရှိဘဲ နေရပ်သို့ ပြန်မလာနိုင်မည့် အရေးကို စိုးရိမ်လျက်ရှိသည်။

 

အစ္စရေးမီးဘေး

          အစ္စရေး၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ် သည့် မီရွန်တောင်၏ တောင်စောင်းများတွင်  ယခင်က ဝက်သစ်ချပင်များဖြင့် ဖုံးလွှမ်းထား သည်။ ယင်းတောအုပ်တွင် တောဝက်များ၊ ဒရယ်များနှင့် ရှားပါးတိရစ္ဆာန်မျိုးစိတ်များနှင့် ပန်းမျိုးစိတ်များ တည်ရှိသည်။ ယင်းတောင် တွင် လေတပ်အခြေစိုက်စခန်းတစ်ခုလည်း ရှိသည်။

          လက်ရှိတွင် စိမ်းလန်းနေသော တောင် စောင်းများတွင် မီးလောင်အကွက်သစ် သုံးခု ကို မြင်တွေ့ရသည်။ အကြီးဆုံးမီးလောင်မှု သည် စတုရန်းမီတာ ရာချီရှိသည်။ ယင်းမီး လောင်အကွက်ရာများသည် လွန်ခဲ့သည့်သီ တင်းပတ်အနည်းငယ်က ပစ်ချခံခဲ့ရသော ဟစ်ဇ်ဘိုလာဖောက်ခွဲရေးဒရုန်း၏ ကြွင်း အကျန်များဖြစ်သည်။

          “အခုနှစ် အပျက်အစီးတွေက အဆ ပေါင်းဒါဇင်ချီ ပိုဆိုးလာပါတယ်”ဟု အစ္စရေး ၏ သဘာဝနှင့်ပန်းခြံအာဏာပိုင်အဖွဲ့၏ တာ ဝန်ရှိသူ ရှိုင်းကိုရန်က ဆိုသည်။

          မီရွန်၏တောင်စောင်းတစ်လျှောက်ကို ကြည့်လျှင် နွေရာသီ၌ ယင်းသစ်တော ပြန် လည်ရှင်သန်နိုင်မည်ဟုမထင်ကြောင်း ကိုရန် က ဆိုသည်။

 

အရေအတွက်နှင့် လက်နက်များ

          စစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက အစ္စ ရေးစစ်တပ်သည် နိုင်ငံမြောက်ပိုင်းသို့ ပစ် လွှတ်မှုပေါင်း ၅,၄၅၀ ကို ခြေရာခံခဲ့သည်ဟု ဆိုသည်။ အစ္စရေးကျွမ်းကျင်ပညာရှင်အဖွဲ့ alma သုတေသနနှင့် ပညာရေးစင်တာ၏ ထုတ်ပြန်ချက်အရ အစောပိုင်းပစ်လွှတ်မှုများ သည် တာတိုပစ် တင့်ကားဖျက်ဒုံးကျည်များ ဖြစ်သော်လည်း ဟစ်ဇ်ဘိုလာ၏ ဒရုန်းအသုံး ပြုမှုမှာ ပိုမိုမြင့်တက်လာခဲ့သည်။

လက်ဘနွန်နိုင်ငံတွင် တာဝန်ရှိသူများ နှင့် လူ့အခွင့်အရေးအဖွဲ့များက အစ္စရေးက လူနေဒေသများသို့ မီးစုန်းဗုံးများဖြင့်ပစ်ခတ် ခဲ့သည့်အပြင် ပုံမှန်လက်နက်ကြီးကျည်ဆန် များဖြင့် ပစ်ခတ်မှုများနှင့် လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်လေ့ရှိသည်ဟု စွပ်စွဲထား သည်။

          အစ္စရေးစစ်တပ်ကမူ ၎င်းင်းတို့သည် မီးစုန်း ဗုံးများအား မီးခိုးဗုံးများအဖြစ်သာ အသုံးပြု ခြင်းဖြစ်ပြီး လူနေဒေသများကို ပစ်မှတ်ထား ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်   လဟာပြင်နေရာများ၌မူ ကျည်များသည် လျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းစေနိုင်သည်။

          ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အရပ်သား အ များစုအပါအဝင် လူပေါင်း ၁၁၉၅ ဦးခန့် သေ ဆုံးခဲ့သည်ဟု အစ္စရေးက ထုတ်ပြန်ခဲ့သည်။

          အစ္စရေးက ဂါဇာတွင် ဟားမာ့စ်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားအ များစုအပါအဝင် လူပေါင်း ၃၇၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

          ဟဇ်ဘိုလာအဖွဲ့သည် ဂါဇာမှ အစ္စရေး တပ်များ ပြန်လည်ဆုတ်ခွာရန်နှင့် ဟားမာ့စ် ကို ထောက်ခံသည့်အနေဖြင့် အစ္စရေးမြောက် ပိုင်းသို့ ရော့ကတ်များဖြင့် စတင်ပစ်ခတ်ခဲ့ သည်။

          အစ္စရေးက ပြန်လည်တုံ့ပြန်ခဲ့ပြီးနယ်စပ် ဒေသတစ်ဝန်းတွင် တိုက်ပွဲများ ပိုမိုကျယ်ပြန့် လာသည်။ အစ္စရေးနိုင်ငံမြောက်ပိုင်းတွင် စစ်သား ၁၆ ဦးနှင့် အရပ်သား ၁၁ ဦး သေဆုံး ခဲ့သည်။ လက်ဘနွန်တွင် တိုက်ခိုက်ရေးသမား အများစုအပါအဝင် လူ ၄၅၀ ကျော် သေဆုံး ခဲ့ပြီး အရပ်သား ၈၀ နှင့် တိုက်ခိုက်ရေးသမား မဟုတ်သူများလည်း သေဆုံးခဲ့သည်။

          အစ္စရေးက ဂါဇာတောင်ပိုင်း ရာဖာသို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်သည့် မေလ အစောပိုင်းကတည်းက အပြန်အလှန်ပစ်ခတ် မှုများ ပိုမိုပြင်းထန်လာသည်။ ယင်းအချိန် သည် ပူပြင်းခြောက်သွေ့သည့် တောမီးရာသီ အစပိုင်းနှင့် တိုက်ဆိုင်လျက်ရှိသည်။

          မေလကတည်းက အစ္စရေးမြောက်ပိုင်း တွင် ဟစ်ဇ်ဘိုလာ၏တိုက်ခိုက်မှုကြောင့် ဟက် တာ ၈၇၀၀ မီးလောင်ပျက်စီးခဲ့သည်ဟု အစ္စ ရေး၏ သဘာဝနှင့်ဥယျာဉ်အာဏာပိုင်အဖွဲ့ က ထုတ်ပြန်ထားသည်။

          လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဟက် တာ ၄၀၀၀ မီးလောင်ခဲ့သည်ဟု ဘာလာမန် တက္ကသိုလ်မှ မြေယာနှင့် သဘာဝအရင်းအ မြစ်ပရိုဂရမ်၏ ဂျော့ချ်မီထရီက ဆိုသည်။ ယ ခင်နှစ်နှစ်ခန့်က လက်ဘနွန်၏ နှစ်စဉ် စုစု ပေါင်းမီးလောင်မှုဧရိယာသည် ၅၀၀ ဟက် တာမှ ၆၀၀ ဟက်တာအထိရှိသည်ဟု ၎င်းင်းက ဆိုသည်။

         

မီးဘေးတုံ့ပြန်မှု

          လုံခြုံရေးစိုးရိမ်မှုများသည် မီးဘေး၏ ပထမဆုံးအရေးကြီးသည့် အချိန်နာရီများကို အနှောင့်အယှက်ဖြစ်စေသည်။ မီးသတ်လေ ယာဉ်များသည် ပစ်ချခံရမည့်အရေးကို စိုးရိမ် နေကြသည်။ မြေပြင်တွင်မူ မီးသတ်သမားများ သည် စစ်တပ်အစောင့်အကြပ်မပါဘဲ သွား လာနိုင်ခြင်းမရှိပေ။

          “ကျွန်တော်တို့ နာရီဝက် ဒါမှမဟုတ်တစ် နာရီလောက် အချိန်ဆုံးရှုံးသွားမယ်ဆိုရင် မီး ကိုထိန်းချုပ်နိုင်ဖို့ နောက်ထပ် တစ်ရက် ဒါမှမ ဟုတ် နှစ်ရက် အချိန်ယူရမှာဖြစ်ပါတယ်”ဟု ချီဘားအရပ်ဘက်ကာကွယ်ရေးဌာန အကြီး အကဲ မိုဟာမက်ဆာဒါးက ဆိုသည်။ ယင်းဌာန သည် လွန်ခဲ့သည့်လက သီတင်းပတ်သုံးပတ် အတွင်း မီးလောင်မှု ၂၇ ခုကို ငြိှမ်းသတ်ခဲ့ သည်။

          နယ်စပ်၏အခြားတစ်ဖက်တွင် မိုရန်အ ရီနော့ဗ်စကီးသည် စားဖိုမှူးတစ်ဦးဖြစ်ခဲ့သော် လည်း လက်ရှိတွင် ကစ်ဘုဇ်မာနာရာ၌ အရေး ပေါ်အဖွဲ့၏ လက်ထောက်တပ်မှူးတစ်ဦးအ ဖြစ် တာဝန်ယူထားသည်။ အခြား ၁၀ ဦးခန့် နှင့်အတူ ၎င်းင်းသည် လွန်ခဲ့သည့်နှစ်လအတွင်း မီးလောင်မှု ၂၀ ကျော်ကို ငြိမ်းသတ်ခဲ့သည်။

          “သစ်တောရဲ့ ဇီဝစက်ဝန်းမှာ သဘာဝ အလျောက် တောမီးလောင်မှုတွေက ပုံမှန်ဖြစ် ပြီး ဂေဟစနစ်မြှင့်တင်ပေးနိုင်ပေမဲ့လည်း ပဋိ ပက္ခကြောင့်ဖြစ်လာတဲ့ မီးတွေကတော့ အဲဒီ လို မဟုတ်ပါဘူး။ မီးလောင်မှုတွေ ထပ်တလဲ လဲဖြစ်တိုင်း ပျက်စီးမှုတွေပဲ ဖြစ်ပေါ်လာပါ တယ်”ဟု သဘာဝနှင့် ပန်းခြံအာဏာပိုင်အဖွဲ့ ၏တာဝန်ရှိသူ ရှိုင်းကိုရန်က မှတ်ချက်ပြုခဲ့ သည်။                                              

    Ref: AFP

Most Read

Most Recent