ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်ပတ်ဒရီကို တိုနီကရို့စ် ပြန်လည်တောင်းပန်

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်ပတ်ဒရီကို တိုနီကရို့စ် ပြန်လည်တောင်းပန်
Photo : AP
Photo : AP
Published 8 July 2024

ဂျာမနီအသင်း၏ ကွင်းလယ်ကစားသမား တိုနီကရို့စ်သည် ၎င်း၏ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် စပိန်လူငယ်ကစားသမား ပတ်ဒရီကို Instagram မှတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

ပတ်ဒရီသည် တိုနီကရို့စ်၏ ကြမ်းတမ်းသည့် ဖျက်ထုတ်မှုကြောင့် ဘယ်ဘက်ဒူးအဆစ်လွဲခဲ့သည့်အတွက် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ဆက်လက် ယှဉ်ပြိုင်ကစားနိုင်ခြင်း မရှိတော့သည့် အပြင် ဘာစီလိုနာအသင်း၏ လာလီဂါ ရာသီအစပွဲစဉ်များကိုပါ လွဲချော်ဖွယ်ရှိကြောင်း သိရသည်။

သို့သော် ပတ်ဒရီသည် စပိန်နိုင်ငံသို့ မပြန်သေးဘဲ စပိန်အသင်းနှင့်အတူ ဂျာမနီနိုင်ငံ၌ ဆက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။

တိုနီကရို့စ်က Instagram တွင် "စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ် ပတ်ဒရီ။ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ မျှော်လင့်ပါတယ်။ ဒီလို နာကျင်စေဖို့ မရည်ရွယ်ပါဘူး"ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

ပတ်ဒရီကလည်း ယင်းပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူခဲ့သည့် တိုနီကရို့စ်၏ တောင်းပန်မှုအတွက် ကျေးဇူးတင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

"ခင်ဗျားရဲ့ တောင်းပန်မှုအတွက် ကျေးဇူးပါ တိုနီကရို့စ်။ ဘောလုံးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။  ခင်ဗျားရဲ့ ကစားသမားဘဝမှတ်တမ်းတွေက ထာဝရကျန်ရှိနေမှာပါ"ဟု ပတ်ဒရီက ဆိုခဲ့သည်။

Most Read

Most Recent