ဆလိုဗက်ကီးယားဘက်သို့ Bicycle Kick ဖြင့် ဂိုးသွင်းယူချိန်တွင် စီရော်နယ်လ်ဒိုကဲ့သို့ ခံစားခဲ့ရကြောင်း အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ပြောကြား

ဆလိုဗက်ကီးယားဘက်သို့ Bicycle Kick ဖြင့် ဂိုးသွင်းယူချိန်တွင် စီရော်နယ်လ်ဒိုကဲ့သို့ ခံစားခဲ့ရကြောင်း အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ပြောကြား
Photo : Getty Images
Photo : Getty Images
Published 4 July 2024

အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ဆလိုဗက်ကီးယားဘက်သို့ Bicycle Kick ဖြင့် ဂိုးသွင်းယူချိန်တွင် စီရော်နယ်လ်ဒိုကဲ့သို့ ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဇွန် (၃၀) ရက်က ကစားခဲ့သည့် ယူရို ၂၀၂၄ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ် အင်္ဂလန်-ဆလိုဗက်ကီးယားပွဲတွင် အင်္ဂလန်အသင်းသည် ပွဲပြီးခါနီးထိ (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်နေပြီး (၉၀+၅) မိနစ်တွင်မှ ဘယ်လင်ဟမ်က ချေပဂိုး သွင်းခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် အချိန်ပို၌ ဟာရီကိန်း၏သွင်းဂိုးကြောင့် ယင်းပွဲတွင် (၂-၁)ဂိုးဖြင့် အ နိုင်ရခဲ့သည်။ ဆလိုဗက်ကီးယားနှင့်ပွဲမှ သွင်းဂိုးနှင့်ပတ်သက်ပြီး ဘယ်လင်ဟမ်က "ကျွန်တော် ဂိုးသွင်းချိန်မှာ စီရော်နယ်လ်ဒိုလိုပဲလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ကြည့်ချိန်မှာ ကျွန်တော့်ရဲ့ အနေအထားက မြေကြီးနဲ့ သိပ်မကွာပါဘူး။ ဂျူဗင်တပ်စ်နဲ့ပွဲမှာ စီရော်နယ်လ်ဒို သွင်းယူခဲ့တဲ့ Bicycle Kick ဂိုးက ပိုသာပါတယ်။ ဒါပေမဲ့ ဒီဂိုးကို ကျွန်တော် အမြဲတမ်း သတိရနေတော့မှာပါ" ဟု ပြောကြားခဲ့သည်။