မြန်မာနိုင်ငံတွင် ကပ်ရောဂါကာလနှင့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာမှုနှင့် ဆင်းရဲနွမ်းပါးမှု မြင့်တက်လာခြင်းကြောင့် နောက်ဆက်တွဲပြဿနာအဖြစ် ကလေးလုပ်သားအရေး က ပါဝင်လာသည်။
မြန်မာနိုင်ငံတွင် ကပ်ရောဂါ ကာလနှင့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် ကလေးအလုပ်သမား နှင့်ဆိုင်သော အချက်အလက်သစ် များကို ထုတ်ပြန်ခြင်း မရှိသော်လည်း ၂၀၁၆ ခုနှစ်ကတည်းကပင် ကလေး အလုပ်သမားဦးရေသည် ၁ ဒသမ ၁ သန်းရှိခဲ့သည်ဟု ILO က ခန့်မှန်း ထားသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော် တွင် ကလေးအလုပ်သမားပြဿနာ ကြီးမားလျက်ရှိရာ မြန်မာနိုင်ငံလည်း ပါဝင်သည်။
မြန်မာနိုင်ငံတွင် အသက် ငါးနှစ် မှ ၁၇ နှစ်ကြားရှိ ၁၂ သန်းခန့်ရှိပြီး ယင်းကလေးများထဲတွင် ၁၀ ဦးလျှင် တစ်ဦးနှုန်းမှာ ကလေးအလုပ်သမား အဖြစ် လုပ်ကိုင်နေရကြောင်းနှင့် ဘေး အန္တရာယ်ရှိသော လုပ်ငန်းများနှင့် အသက်အန္တရာယ်ရှိသော လုပ်ငန်း များတွင် စွန့်စားလုပ်ကိုင်နေရသည် ကို တွေ့ရှိရကြောင်း အပြည်ပြည်ဆိုင် ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။
“မြန်မာနိုင်ငံတွင် စာရင်းအချက်အလက်အသစ်များ ထုတ်ပြန် ထားခြင်း မရှိသေးသော်လည်း ကမ္ဘာ တစ်ဝန်းလုံးတွင် ဖြစ်နေသော ကပ် ရောဂါကြောင့် တိုင်းပြည်အတွင်း ဆင်း ရဲနွမ်းပါးမှုကို ပိုမိုဆိုးဝါးစေပြီး ရလဒ် အနေဖြင့် ကလေးအလုပ်သမားအ ရေအတွက် မြင့်တက်လာနေခြင်း ကို အခိုင်အမာ ညွှန်ပြလျက်ရှိပါ တယ်”ဟု ILO ၏ မြန်မာနိုင်ငံဆိုင်ရာဆက်သွယ်ညှိနှိုင်းရေး အရာရှိ Don -glin Li က ပြောကြားသည်။
“တိုင်းပြည်ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေက ထိခိုက်လွယ်တဲ့ ကလေးတွေကို အန္တရာယ်ထဲ ကျ ရောက်စေပြီး လိုအပ်တဲ့ အရေးယူမှု တွေမရှိရင် နောင်လာမယ့် မျိုးဆက် များအပေါ် ဆင့်ကဲသက်ရောက်မှု တွေ ရိုက်ခတ်မှာ စိုးရိမ်မိပါတယ်” ဟု ၎င်းကဆိုသည်။
ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံ ရေးအပြောင်းအလဲနှင့် လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားခြင်းကဲ့သို့ သော အဘက်ဘက်မှ သက်ရောက်မှု များကြောင့် ၂၀၂၁ ခုနှစ်တွင် အ လုပ်အကိုင်ဆုံးရှုံးမှု ၁ ဒသမ ၆ သန်း ခန့်ရှိမည်ဟု ခန့်မှန်းရပြီး မိသားစုအ တွင်းရှိ ကလေးများမှာ ကလေးအ လုပ်သမားအဖြစ် လုပ်ကိုင်လာရမှု ပိုမိုများပြားလာနိုင်သည့် စိန်ခေါ်မှု နှင့် ရင်ဆိုင်နေရကြောင်း ILO က ထုတ်ပြန်ထားသည်။
ILO က ၂၀၂၂ ခုနှစ်တွင် ထုတ် ပြန်ထားသော အစီရင်ခံစာအရ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက် ခံစားရသည့် နိုင်ငံများတွင် ကလေး အလုပ်သမားနှုန်းသည် တစ်ကမ္ဘာ လုံးဆိုင်ရာ ပျမ်းမျှနှုန်းများထက် ၇၇ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ရှိသော အလုပ်မှ ကလေးအလုပ်သမားနှုန်း သည် ရာခိုင်နှုန်း ၅၀ ပိုမိုများပြားနေ သည်ဟု သိရသည်။
ထိုသို့သောအခြေအနေများ ကြောင့် မြန်မာနိုင်ငံရှိ ကလေးအ လုပ်သမားအခြေအနေကို ပိုမိုဆိုးရွား စေနိုင်ကြောင်း ယင်းအချက်က ညွှန် ပြနေသည်ဟု ILO က ဆိုသည်။
“မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေ အနေနဲ့ ယိုင်နဲ့ဆိုးရွားတဲ့ မြန်မာ့စီး ပွားရေးကြောင့် မိသားစုအမြောက် အမြားဟာ ဆင်းရဲကျပ်တည်းမှု တွေနဲ့ ရင်ဆိုင်လာနေရပါတယ်။ ဒီလို အကျပ်အတည်းကာလလိုမျိုး မှာ ကလေးအလုပ်သမားအဖြစ်က နေ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်တား ဆီးဖို့အတွက် လူမှုအကာအကွယ် ပေးရေး အစီအစဉ်တွေကို ပါဝင်ပတ် သက်သူတွေအားလုံး ဒီထက်ပိုပြီး အတူတူ ကြိုးပမ်းအားစိုက်လုပ် ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်/ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Don glin Li က ပြောကြား သည်။
ထို့ပြင် ၂၀၂၃ ခုနှစ်က ထုတ် ပြန်သည့် ILO ၏ အစီရင်ခံစာတွင် ကလေးသူငယ်များအနေဖြင့် ၎င်းင်းတို့ ၏ မိသားစုများကို ထောက်ပံ့ရန်အ တွက် အလုပ်လုပ်ကိုင်နေရသည့် အတိုင်းအတာနှင့် ဘေးအန္တရာယ် ရှိသည့် အလုပ်အကိုင်များတွင် လုပ် ကိုင်နေရမှု အခြေအနေ မြင့်မား လျက်ရှိကြောင်း ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည် နယ်တို့တွင် ဆင်းရဲနွမ်းပါးမှုသည် ကလေးအလုပ်သမားအဖြစ် လုပ် ကိုင်ရခြင်း၏ အဓိက အကြောင်းတ ရားဖြစ်ပြီး ကလေးသူငယ်များသည် ဘေးအန္တရာယ်ရှိသည့် အလုပ်များ နှင့် အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင် နေရကြောင်း လေ့လာတွေ့ခဲ့သည် ဟု ILO ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ILO မြန်မာရုံး၏ Asia Regional Child Labour (ARC) စီမံကိန်း မှ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် ပြုလုပ်ခဲ့သည့် အ ကဲဖြတ်လေ့လာမှုတွင် တွေ့ဆုံမေး မြန်းခဲ့သော အလုပ်လုပ်ကိုင်နေ သည့် ကလေးသူငယ်များအနက် ရာခိုင်နှုန်း ၇၀ ကျော်သည် အဓိက အားဖြင့် မိသားစုငွေကြေး အခက်အ ခဲများကြောင့် အလုပ်လုပ်ကိုင်နေ ရကြောင်း သိရသည်။
ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းကြောင့် ကျောင်း များပိတ်ခဲ့ရသဖြင့် ကလေးသူငယ် များကို လုပ်ငန်းခွင်အတွင်းသို့ ရောက်စေခဲ့ပြီး ကလေးအလုပ်သ မားအခြေအနေကို ပိုမိုဆိုးရွားလာ စေခဲ့ကြောင်း၊ ကျောင်းများပြန်ဖွင့် သည့်တိုင်အောင် နိုင်ငံအတွင်း နိုင်ငံ ရေးမတည်ငြိမ်မှုနှင့် နောက်ဆက်တွဲ ဘေးကင်းလုံခြုံရေး စိုးရိမ်ဖွယ်အခြေ အနေများကြောင့် ကလေးသူငယ်အ များအပြားသည် ကျောင်းပြန်တက် ရန် ခက်ခဲမှုများရှိကြောင်း ILO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ILO ၏ အကဲဖြတ်လေ့လာမှု အရ ဒေသသုံးခုရှိ ကလေးသူငယ် သုံးပုံတစ်ပုံသည် အိမ်အကူအလုပ် အကိုင်တွင် ဝင်ရောက်လုပ်ကိုင်နေ ရပြီး အခြားကလေးသူငယ်များမှာ အဓိကအားဖြင့် စိုက်ပျိုးရေး၊ ကုန် ထုတ်လုပ်ရေးလုပ်ငန်းနှင့် လက်လီ လက်ကားရောင်းဝယ်ရေးလုပ်ငန်း များတွင် လုပ်ကိုင်လျက်ရှိရာ ၎င်းင်းတို့ အနက် အများစုသည် နည်းပါးသည့် လုပ်ခဖြင့် အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင်နေရကြောင်း ILO က အစီ ရင်ခံသည်။
ထို့ပြင် ကလေးသူငယ်များသည် ဘေးအန္တရာယ်ရှိသော အလုပ်အ ကိုင်နှင့် အလုပ်တာဝန်များကို မကြာ ခဏ လုပ်ကိုင်ကြရသည်ကိုလည်း အကဲဖြတ်လေ့လာမှုတွင် တွေ့ ရှိခဲ့ရ ကြောင်းနှင့် အကဲဖြတ်လေ့လာမှု တွင် တွေ့ဆုံမေးမြန်းမှုအရ ဆောက် လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေ သော ကလေးသူငယ် ရာခိုင်နှုန်း ၉၀ ခန့်သည် လေးလံသည့်ဝန်များကို သယ်ရပြီး ရာခိုင်နှုန်း ၈၀ ကျော်သည် နေပူထဲတွင် အနားမရဘဲ အချိန်ကြာ မြင့်စွာ လုပ်ကိုင်နေရကြောင်း ILO က ပြောကြားသည်။
တွေ့ဆုံမေးမြန်းခဲ့သည့် ကလေးသူငယ်အများစုသည် မတော် တဆ ထိခိုက်ဒဏ်ရာများ ရရှိဖူး ကြောင်းနှင့် အသေးစားထိခိုက်ဒဏ် ရာများသည် အများဆုံး ဖြစ်လေ့ရှိ သည်ဟု ပြောဆိုခဲ့ကြောင်း ILO ၏ အစီရင်ခံစာက ဆိုသည်။
“ဒီအကဲဖြတ်လေ့လာမှုမှာပါ ဝင် တဲ့ အလုပ်လုပ်ကိုင်နေတဲ့ကလေး သူငယ် ထက်ဝက်ကျော်က အခွင့်အ လမ်းသာရမယ်ဆိုရင် ကျောင်းပညာ ရေးကို ဆက်လက်သင်ယူလိုကြောင်း ပြောဆိုပါတယ်။ ဒါဟာ သူတို့တွေရဲ့ ကျောင်းတက်ချင်တဲ့ စိတ်ဆန္ဒကို အလုပ်က ဘယ်လောက်အတိုင်းအ တာအထိ အဟန့်အတားဖြစ်စေသ လဲဆိုတာကို ထင်ဟပ်ဖော်ပြနေပါ တယ်။ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး အကျပ်အတည်းကြောင့် တစ်နိုင်ငံ လုံးအနှံ့ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခ တွေက ဒီအခြေအနေကို ပိုမိုဆိုးရွား လာစေပါတယ်”ဟု ILO ၏ မြန်မာ နိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ/ ဌာနေကိုယ်စားလှယ် Mr. Donglin Li က ပြောကြားသည်။
အလုပ်ရှင်များသည် အများ အားဖြင့် ကလေးသူငယ်များကို အ လုပ်အကိုင်ခန့်ထားရန်အတွက် အ လုပ်လုပ်ကိုင်နိုင်သည့် အနိမ့်ဆုံး အသက်အရွယ်ဆိုင်ရာ ဥပဒေများ ကို သတိပြုမိခြင်းမရှိဟု ယူဆရ ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍရှိ အလုပ်ရှင်အချို့ သည် ကလေးသူငယ်များကို ပို၍ အလုပ်ခန့်လိုကြပြီး ထိုသို့ အလုပ် ခန့်လိုခြင်း၏ အဓိကအချက်မှာ ကလေးသူငယ်များအနေဖြင့် ထိန်း ချုပ်ရလွယ်ကူခြင်း၊ အခကြေးငွေ အနည်းငယ်ဖြင့် ခိုင်း၍ရခြင်း၊ တိုင် တန်းမှု သိပ်မရှိခြင်းတို့ကြောင့်ဖြစ် ကြောင်း ILO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အခြားအလုပ်ရှင်များ ကလည်း အလုပ်သမား မိဘများနှင့် လုပ်ငန်းခွင်သို့ အတူပါလာသော ကလေးသူငယ်များကို အလုပ်ခန့် ထားလေ့ရှိကြောင်း ILO က ဆို သည်။
ယခုနှစ် ဇွန် ၁၂ ရက်က ထုတ် ပြန်သည့် ILO ၏အစီရင်ခံစာတွင် လည်း မြန်မာနိုင်ငံတွင် ကလေးလုပ် သားများသည် အကြောင်းအရာများ စွာကြောင့် တိုးပွားလာနေပြီး ကလေး လုပ်သားဖြစ်ခြင်းမှ ကာကွယ်ရန်အ တွက် အရေးပေါ်ဆောင်ရွက်ရန်လို အပ်နေကြောင်း ဖော်ပြထားသည်။
ILO က မြန်မာနိုင်ငံရှိ ရွေးချယ် ထားသော ပြည်နယ်များတွင် ပြုလုပ် ခဲ့သည့် ကလေးအလုပ်သမား ဖြစ် ရပ်များဆိုင်ရာ လေ့လာတွေ့ရှိချက် များအရ ထိုပြည်နယ်များတွင် ကလေး အလုပ်သမားများသည် အကြောင်း အရာများစွာကြောင့် တိုးပွားလာနေ ပြီး ထိုအချက်များစွာထဲမှ စစ်မှုထမ်း ခြင်းကို ရှောင်ကြဉ်သည့် နည်းလမ်း အဖြစ် မိဘများက ၎င်းင်းတို့၏ ကလေး များကို အလုပ်လုပ်ကိုင်ရန် လိုလား ခြင်းကြောင့် များပြားလာခြင်းဖြစ် ကြောင်းလည်း ILO ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွား လာသော အခြေအနေတွေနဲ့ ပဋိပက္ခ တွေ တိုးလာနေတာကြောင့် ကျွန်တော် တို့ လေးနက်စွာ စိုးရိမ်မိပါတယ်” ဟု ILO မြန်မာဆက်သွယ်ညှိနှိုင်းရေး အရာရှိ/ကိုယ်စားလှယ် Mr. Donglin Li က က ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသည့် လူဦးရေ သုံးသန်းကျော်ရှိသည့်အနက် သုံးပုံ တစ်ပုံမှာ ကလေးသူငယ်များဖြစ် ကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ထားသည်။
ထိုသို့သောအခြေအနေတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် လူ လတ်တန်းစားလူဦးရေ ထက်ဝက် ခန့် ကျဆင်းသွားပြီး လူဦးရေ ၄၂ သန်း သည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေ ရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ် (UNDP) က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်သည်။
UNDP ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ လူဦးရေ၏ ၇၅ ရာ ခိုင်နှုန်း၊ ခန့်မှန်းခြေအားဖြင့် လူ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရပြီး ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေကြောင်းနှင့် လူပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံ လောက်မှုကို ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
ထို့အတူ ဇွန် ၁၂ ရက်ကလည်း ကမ္ဘာ့ဘဏ်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာ ထဲတွင် ၂၀၂၄ ခုနှစ်အစ၌ မြန်မာ နိုင်ငံ၏ လူဦးရေ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေ တွင် ရောက်လာသည့်အတွက် ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ရသော အခြေ အနေသို့ ပြန်လည်ကျရောက်သွား ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ကျန်သုံးပုံတစ်ပုံသော လူဦးရေသည်လည်း ဆင်းရဲသည့် အခြေအနေသို့ ကျရောက်နိုင်ခြေ မြင့်မားနေကြောင်းနှင့် ဆင်းရဲနွမ်း ပါးသည့် အတိုင်းအတာနက်နဲမှုနှင့် ပြင်းထန်မှုသည် ၂၀၁၅ ခုနှစ်တွင် ရှိခဲ့သည့် အနေအထားသို့ အလျင် အမြန် ရောက်ရှိလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကို ဗစ်ကပ်ရောဂါမတိုင်မီကာလထက် ဆင်းရဲနွမ်းပါးသူ လူဦးရေ ခုနစ်သန်း တိုးလာကြောင်း ကမ္ဘာ့ဘဏ်က ဆို သည်။
ထိုသို့ UNDP နှင့် ကမ္ဘာ့ဘဏ် ၏ ထုတ်ပြန်မှုအချက်အလက်များ အရ မြန်မာနိုင်ငံတွင် ကလေးလုပ် သားစျေးကွက်သည် အခန်းကဏ္ဍအ များအပြားတွင် ကျယ်ပြန့်စွာရှိနေဦး မည်ဖြစ်ကြောင်း ကလေးလုပ်သား အရေး ဆောင်ရွက်နေသူများက ပြော ကြားသည်။
ထိုသို့ဖြစ်ရခြင်းသည် ပညာရေးအခွင့်အလမ်း မရှိခြင်း၊ ဆင်းရဲ မွဲတေခြင်း၊ လူမှုအကာအကွယ် မရ ခြင်းနှင့် လူမှုရေးခွဲခြား ဆက်ဆံခံရ ခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်းတို့ က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ပညာအ ရည်အချင်း ကျွမ်းကျင်မှုအတွက် လို အပ်သော အလုပ်အကိုင် လုံလောက်စွာ မရှိခြင်းသည် ချို့တဲ့သော လူငယ် များအတွက် ကျောင်းတက်ရန် အ ဟန့်အတားဖြစ်စေပြီး ကလေးများ ကို လုပ်သားစျေးကွက်သို့ ငယ်ငယ် ရွယ်ရွယ်ဖြင့် ဝင်ရောက်စေသည့် အကြောင်းများလည်း ရှိနေကြောင်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
ကလေးလုပ်သားဆိုသည်မှာ ကလေးများ၏ ဘဝ၊ ၎င်းင်းတို့၏ အ လားအလာနှင့် ဂုဏ်သိက္ခာကို အ ဟန့်အတား ဖြစ်စေသည့် အလုပ်နှင့် ရုပ်ပိုင်းစိတ်ပိုင်း ဖွံ့ဖြိုးမှုကို ထိ ခိုက်စေသော အလုပ်များ လုပ်ကိုင် နေရသည့် ကလေးများကို ဆိုလို သည်။
ထိုအဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူ မှုရေးပိုင်းနှင့် ကိုယ်ကျင့်တရားပိုင်း အန္တရာယ်ရှိသော၊ ထိခိုက်စေသော လုပ်ငန်းများ ပါဝင်သည့်အပြင် ကလေးများ၏ ကျောင်းတက်ရောက် မှု အခွင့်အရေးကို အဟန့်အတား ဖြစ်စေခြင်း သို့မဟုတ် ကျောင်းတက် သော်လည်း အလုပ်ချိန် မြင့်မားခြင်း နှင့် ပင်ပန်းကြီးစွာ လုပ်ကိုင်ရသော အလုပ်များလည်း ပါဝင်ကြောင်း ILO က ဆိုသည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် အကြီးဆုံးနိုင်ငံ ဖြစ်သော် လည်း အဆင်းရဲဆုံး နိုင်ငံများထဲတွင် တစ်နိုင်ငံအဖြစ် ပါဝင်နေသည်။
မြန်မာနိုင်ငံအတွင်းရှိ စီးပွား ရေးလုပ်ငန်းများတွင် ကလေးသူငယ် များကို အခကြေးငွေပေး၍ ခိုင်းစေ လေ့ရှိသည့်အတွက် ကလေးလုပ် သားစျေးကွက်သည် သိသိသာသာ ကြီးမားလာသဖြင့် ကလေးလုပ်သား များမှာလည်း အကာအကွယ်မဲ့သော အနေအထားသို့ ရောက်ရှိနေကြောင်း ကလေးလုပ်သားအရေး ဆောင်ရွက် နေသူများက ပြောကြားသည်။
ကလေးလုပ်သားများ ဖြစ်ပေါ် လာရခြင်း၏ အကြောင်းရင်းများတွင် အဓိကအကျဆုံးသော အကြောင်း ရင်းမှာ ဆင်းရဲနွမ်းပါးခြင်းပင် ဖြစ် သည်။
မြန်မာနိုင်ငံရှိ ဆင်းရဲသော မိ သားစုများ၏ မိသားစုဝင်ငွေတွင် ကလေးများ ရှာဖွေသည့်ဝင်ငွေက မိသားစုဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၄၀ အထိ ရှိနေကြောင်း လေ့လာမှုစစ်တမ်းများက ဆိုသည်။
ဆင်းရဲနွမ်းပါးခြင်းနှင့်အတူ ပညာရေးအရည်အသွေး နိမ့်ကျခြင်း၊ ကျောင်းများ လုံလောက်စွာမရှိခြင်း တို့ကလည်း ကလေးများကို ကလေး အလုပ်သမားများအဖြစ်သို့ ရောက် အောင် တွန်းပို့သည့် အကြောင်းရင်း များဖြစ်သည်ဟု အ ပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာအဖွဲ့က ဆိုထား သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွား နေခြင်း၊ စီးပွားရေး ကျဆင်းနေခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေ ခြင်း၊ ကုန်စျေးနှုန်း ကြီးမြင့်နေခြင်း၊ အလုပ်အကိုင် ရှားပါးနေခြင်းနှင့် ဝင် ငွေနှင့် ထွက်ငွေ မလောက်ငမှုများ ကြောင့် အခြေခံလူတန်းစားများအ နေဖြင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ကျော ကော့အောင် ခံနေကြရသည်။
မိသားစုစားဝတ်နေရေးအ ကျပ်အတည်းများကြောင့် မြန်မာနိုင် ငံတွင် ကလေးလုပ်သား ပပျောက်ရေး အတွက် လုပ်ဆောင်ရန် မလွယ်ကူ သေးကြောင်း ကလေးလုပ်သားအ ရေး ဆောင်ရွက်နေသူများက ပြောဆို သည်။
“ကလေးငယ်များ ပိုမိုဆင်းရဲ နွမ်းပါးစွာ နေထိုင်နေကြရပြီး သွား လာလှုပ်ရှားမှု ကန့်သတ်ချက်များ သို့မဟုတ် နေရာရွှေ့ပြောင်းမှုများ နှင့် ရင်ဆိုင်နေရပြီး ကလေးလုပ်သား များအား ထိခိုက်မှု တိုးပွားလာစေ သည်။ ကလေးများသည် မည်သည့် ပုံစံဖြင့် ပဋိပက္ခများ၏ သားကောင် မဖြစ်သင့်ပါ” ဟု ILO ၏ မြန်မာ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ/ ကိုယ်စားလှယ် Mr. Donglin Li က ပြော ကြားသည်။