ယူရို-၂၀၂၄ နဲ့ ဂန္ထဝင်တွေရဲ့ နှုတ်ဆက်ပွဲ

ယူရို-၂၀၂၄ နဲ့ ဂန္ထဝင်တွေရဲ့ နှုတ်ဆက်ပွဲ
Photos: AFP
Photos: AFP
Published 22 June 2024
Phoe Thar

စံသတ်မှတ်ချက်တွေ တောင်းဆိုမှုတွေပိုပိုများလာတဲ့ မော်ဒန်ခေတ်ဘောလုံးမှာရပ်ဝန်းမှာ လူငယ်ကြယ်ပွင့်ကစားသမားတွေရဲ့ ပုံရိပ်က ပရိသတ်ကို ပိုမိုလွှမ်းမိုးထားနိုင်တယ်ဆိုရင်တောင် တစ်ဖက်မှာလည်း ကစားသမားဘဝနောက်ဆုံးသောယူရိုပြိုင်ပွဲကိုဆင်နွှဲနေတဲ့ ၀ါရင့်ကစားသမားကြီးတွေရဲ့ ခမ်းနားထည်ဝါခဲ့သော သမိုင်းကြောင်းတွေနဲ့ ဖြတ်သန်းခဲ့သော ပြိုင်ပွဲတွေ၊ သက္ကရာဇ်တွေကို မေ့ထားလို့ မရတာအမှန်ပါ။ လက်ရှိ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း နောက်ဆုံးသောမီးစာနဲ့အတူ အစွမ်းကုန်တောက်လောင်ပြနေ တဲ့ ၀ါရင့်ကစားသမားကြီးတွေရဲ့ပုံရိပ်တွေက ပရိသတ်အတွက် ကြည်နူးလွမ်းမောဖွယ်ရသကို ပေးစွမ်းနေသလို၊ ဘယ်ကစားသမားကြီးတွေက ဘယ်လိုအောင်မြင်မှုတွေရယူပြီး ယူရိုပြိုင်ပွဲကို နှုတ်ဆက်ကျောခိုင်းသွားမလဲဆိုတာ စောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။

 

Most Read

Most Recent