မရဏအုပ်စုမှာ အမှားခံလို့မရတော့တဲ့ ခရိုအေးရှား

မရဏအုပ်စုမှာ အမှားခံလို့မရတော့တဲ့ ခရိုအေးရှား
Photo: AFP
Photo: AFP
Published 19 June 2024
Lin Oo Eain

"ကျွန်တော်တို့ နေရာကောင်းတစ်ခုမှာ ကစားခဲ့ရတယ်။ ရှုံးပွဲအတွက်တော့ ပရိသတ်တွေကို တောင်းပန်ပါတယ်။ လုံလောက်တဲ့ စွမ်းဆောင်ရည်ကောင်းကိုလည်း ပြသနိုင်ခြင်းမရှိခဲ့ဘူး။ ကျွန်တော်တို့အတွက် ကံဆိုးတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တယ်"လို့ ပွဲအပြီးမှာ ခရိုအေးရှားနည်းပြ ဒါလစ်က ဆိုခဲ့တယ်။ ခရိုအေးရှားအသင်းဟာ စပိန်၊ အီတလီ၊ အယ်လ်ဘေးနီးယားတို့ပါဝင်တဲ့ မရဏအုပ်စုမှာ ကျရောက်ခဲ့ပြီး နောက်တစ်ဆင့်အတွက် ရုန်းကန်ရတော့မှာပါ။ ဒါပေမဲ့ အုပ်စုတတိယအကောင်းဆုံး မျှော်လင့်ချက်ရှိနေသေးတာကြောင့်လည်း ခရိုအေးရှားအသင်း စွမ်းဆောင်ရည်ကောင်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ ခရိုအေးရှားအသင်းခေါင်းဆောင် လူကာမိုဒရစ်ကတော့ ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ဖို့ နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့တယ်။

 

Most Read

Most Recent