■ အီးယူ၏ လျှပ်စစ်ကား စည်းကြပ်ခွန် ချမှတ်မှုအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တိုင်ကြားခွင့်ရှိဟု တရုတ် ပြောကြား

■ အီးယူ၏ လျှပ်စစ်ကား စည်းကြပ်ခွန် ချမှတ်မှုအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တိုင်ကြားခွင့်ရှိဟု တရုတ် ပြောကြား
Published 13 June 2024

ဥရောပသမဂ္ဂ (အီးယူ) က မိမိတို့၏ လျှပ်စစ်ကားတင်ပို့မှုအပေါ် စည်းကြပ်ခွန် ထပ်မံချမှတ်မည့် အစီအစဉ်အတွက် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WHO) ထံ ကန့်ကွက် တိုင်ကြားခွင့်ရှိကြောင်း တရုတ်က ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် အစိုးရ၏ အထောက်အပံ့ ရယူခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှုအပြီးတွင် လာမည့်ဇူလိုင်လမှစ၍ တရုတ်လျှပ်စစ်ကား များ တင်သွင်းမှုအပေါ် စည်းကြပ်ခွန် ၃၈ ရာ ခိုင်နှုန်း ထပ်ဆောင်းကောက်ခံမည်ဟု ဥရောပသမဂ္ဂ (အီးယူ) က ယခုသီတင်းပတ်ထဲတွင် သတိပေးခဲ့သည်။

ဥရောပကော်မရှင်က တရုတ် လျှပ်စစ်ကားကုမ္ပဏီများအပေါ် ယာယီ စည်းကြပ်ခွန်တိုးမြှင့်မည့် အစီအစဉ်ကို အ ဆိုပြုခဲ့သည်။ ယင်းအဆိုပြုချက်အရ တရုတ် လျှပ်စစ်ကားကုမ္ပဏီကြီး BYD ကို ၁၇ ဒသမ ၄ ရာခိုင်နှုန်း၊ Geely ကို ၂၀ ရာခိုင်နှုန်းနှင့် SAIC ကို ၃၈ ဒသမ ၁ြ ရာခိုင်နှုန်း စည်းကြပ် ခွန် ကောက်ခံမည်ဖြစ်သည်။

ယင်းကုမ္ပဏီ များ၏ အစိုးရအထောက်အပံ့ ရယူခဲ့သည့် ပမာဏအလိုက် စည်းကြပ်ခွန်သတ်မှတ်ခြင်း ဖြစ်သည်ဟု EU က ဆိုသည်။

“အဲဒီလုပ်ရပ် ဟာ တရုတ်လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ် ငန်းရဲ့ အကျိုးစီးပွားနဲ့ တရားဝင်အခွင့်အရေး တွေကို ထိခိုက်စေရုံတင်မကဘဲ ဥရောပသမဂ္ဂ အပါအဝင် တစ်ကမ္ဘာလုံးရဲ့ လျှပ်စစ်ကား ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကွင်းဆက်ကိုပါ ထိ ခိုက်စေတယ်” ဟု တရုတ်ကဆိုသည်။

Most Read

Most Recent