မွန်အမျိုးသားကျောင်းများ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၀ ဦးသာရှိ

မွန်အမျိုးသားကျောင်းများ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၀ ဦးသာရှိ
Published 12 June 2024

မွန်ပြည်သစ်ပါတီ မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသား ကျောင်းများမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုအောင်မြင်သူ ၁၀ ဦးသာရှိခဲ့ ကြောင်း သိရသည်။

မွန်အမျိုးသားပညာရေးဌာနအောက် တွင် မွန်ပြည်နယ် ထိန်းချုပ်နယ်မြေ ရေးချောင်း ဖျားဒေသရှိ ညီစားအထက်တန်းကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝင်္ကပါအထက်တန်းကျောင်းနှင့် ရေးမြို့နယ် အံဒင်ကျေးရွာရှိ အထက်ကျောင်းသုံးကျောင်း ရှိရာ ဝင်္ကပါအထက်တန်းကျောင်းမှ ခြောက် ဦး၊ ညီစားအထက်တန်းကျောင်းမှ နှစ်ဦးနှင့် အံဒင်အထက်တန်းကျောင်းမှ နှစ်ဦးသာ အောင်မြင်ခဲ့ကြောင်း မွန်အမျိုးသားပညာရေးဌာန ထံမှ သိရသည်။

“၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ညီစားက ၃၃ ဦး၊ အံဒင်က ၃၁ ဦး၊ ဝင်္ကပါက ၂၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြတယ်လို့ သိရ တယ်”ဟု မွန်အမျိုးသားပညာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ယမန်နှစ်က မွန်အမျိုးသားကျောင်းများ မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ များ ပြားခဲ့သော်လည်း၊ ယခုနှစ်တွင်မှု အောင်ချက် ကျသွားကြောင်းလည်း ၎င်းင်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ မွန်အမျိုးသားကျောင်းများမှ တက္က သိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၉၄ ဦး ရှိခဲ့ပြီး ၄၂ ဦးအောင်မြင်ခဲ့ကာ အောင်ချက်ရာ ခိုင်နှုန်း ၄၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း မွန်အမျိုး သားပညာရေးဌာနထံမှ သိရသည်။

Most Read

Most Recent