လှိုင်သာယာ - နဝဒေး ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်သဖြင့် လှိုင်သာယာ (အရှေ့ပိုင်း)နှင့် အနောက်ပိုင်း၊ ရွှေလင်ပန်း၊ မရမ်းကုန်း၊ ကမာရွတ်နှင့် လှိုင်မြို့နယ်များ၌ ဓာတ်အားပြတ်တောက်နေကြောင်း YESC ထုတ်ပြန်

လှိုင်သာယာ - နဝဒေး ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်သဖြင့် လှိုင်သာယာ (အရှေ့ပိုင်း)နှင့် အနောက်ပိုင်း၊ ရွှေလင်ပန်း၊ မရမ်းကုန်း၊ ကမာရွတ်နှင့် လှိုင်မြို့နယ်များ၌ ဓာတ်အားပြတ်တောက်နေကြောင်း YESC ထုတ်ပြန်
Published 10 June 2024

လှိုင်သာယာ - နဝဒေး ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်သဖြင့် လှိုင်သာယာ (အရှေ့ပိုင်း)နှင့် အနောက်ပိုင်း၊ ရွှေလင်ပန်း၊ မရမ်းကုန်း၊ ကမာရွတ်နှင့် လှိုင်မြို့နယ်များ၌ ဓာတ်အားပြတ်တောက်နေမည်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဉီးစီးဌာန၊ 230 kV လှိုင်သာယာပင်မဓာတ်အားခွဲရုံတွင် ယနေ့ (မေ ၁၀ ရက်) နံနက် ၇ နာရီ ၃၅ မိနစ်ခန့်၌ 33kV လှိုင်သာယာ - နဝဒေး ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်မှုကြောင့် ဓာတ်အားခွဲရုံ၏ ဓာတ်လွှတ်ပစ္စည်းများချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် အဆိုပါဓာတ်အားခွဲရုံပြန်လည်ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းမြို့၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်များ၏ ရပ်ကွက်နေရာများတွင် ဓာတ်အားပြတ်တောက်နေမည် ဖြစ်ပါကြောင်းနှင့် ပုံမှန်ဓာတ်အားပြန်လည်ပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတပြန်သည်။

Most Read

Most Recent