ကလေးမြို့တွင် ကျပ် ၂ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ကလေးမြို့တွင် ကျပ် ၂ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
ပုံစာ_ ဖမ်းဆီးရမိသူများအား သက်သေခံပစ္စည်းများနှင်အတူ တွေ့ရစဉ်။ (ဓါတ်ပုံ_ (CCDAC MYANMAR)
ပုံစာ_ ဖမ်းဆီးရမိသူများအား သက်သေခံပစ္စည်းများနှင်အတူ တွေ့ရစဉ်။ (ဓါတ်ပုံ_ (CCDAC MYANMAR)
Published 5 June 2024

ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းသို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၂ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူများ ကလေးမြို့တွင် ဖမ်းဆီးရမိပြီး ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကိုပါ ဆက်လက် အရေးယူမည်ဖြစ်ကြောင်း  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် မေ ၃၁ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၊ ကလေး - ကလေးဝသွားကားလမ်းတွင် ဝင်းအောင်ထွန်း မောင်းနှင်ပြီး တင်မောင်လှ လိုက်ပါလာသည့် MITSUBISHI FUSO ၆ ဘီး Container Box မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၅၅၀၀ ခွက်ဖြင့်ထည့်လျက် ကျပ် ၂ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် သော့နေလွယ်(ခ)ပါးလွယ် နှင့် ဇနီးဖြစ်သူ မအေးအေးမြင့် တို့ အပါအဝင် ဝင်းအောင်ထွန်း နှင့် တင်မောင်လှတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent