အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အပေါ်တရားစွဲဆိုထားသည့် စွဲချက် ၃၄ ခုလုံးတွင် အပြစ်ရှိကြောင်း နယူးယောက်တရားသူကြီးအဖွဲ့က ဆုံးဖြတ်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အပေါ်တရားစွဲဆိုထားသည့် စွဲချက် ၃၄ ခုလုံးတွင် အပြစ်ရှိကြောင်း နယူးယောက်တရားသူကြီးအဖွဲ့က ဆုံးဖြတ်
Photo: AFP
Photo: AFP
Published 31 May 2024

၂၀၁၆ ရွေးကောက်ပွဲမတိုင်မီ အပြာမင်းသမီးကို နှုတ်ပိတ်ခပေးမှုအား ဖုံးကွယ်ထားရန် စာရွက်စာတမ်းအတုများအသုံးပြုရာ၌ ပြစ်မှုထင်ရှားကြောင်း နယူးယောက်တရားသူ ကြီးအဖွဲ့ကတွေ့ရှိသည့် မေ ၃၀ ရက်တွင် ဒေါ်နယ်ထရန့်သည် ပြစ်မှုဖြင့် စီရင်ချက်ချခံရမည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာသည်။

နှစ်ရက်ကြာ စဉ်းစားချင့်ချိန်ခဲ့ပြီးနောက် ၁၂ ဦးပါဝင်သော တရားသူကြီးများအဖွဲ့က ထရန့်သည် ၎င်းရင်ဆိုင်နေ ရသော စွဲချက် ၃၄ ခုစလုံးအတွက် အပြစ်ရှိကြောင်း ကြေညာခဲ့သည်။

တရားသူကြီးများက တညီတညွတ်တည်းဖြစ်သော ဆုံးဖြတ်ချက်ကို ကြေညာလိုက်သည့်အခါ ထရန့်သည် တရားသူကြီးများကို တည်ငြိမ်စွာကြည့်နေခဲ့သည်။

ဇူလိုင် ၁၁ ရက်တွင် ပြစ်ဒဏ်ချမှတ်ရန် တရားသူကြီးဂျူအန်မားချန်က သတ်မှတ်ခဲ့သည်။ ရီပတ်ဘလီကင် ပါတီက နိုဝင်ဘာ ၅ ရက်ရွေးကောက်ပွဲမတိုင်မီ ထရန့်ကို သမ္မတအဖြစ်ရွေးချယ်ကြောင်း ကြေညာရန် စီစဉ်ထားသည့်ရက်မတိုင်မီ ရက်ပိုင်းအလိုတွင် ထရန့်ကို ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်သည်။ 

လုပ်ငန်းစာရွက်စာတမ်းများကို အတုပြုလုပ်သည့် ပြစ်မှုသည် အမြင့်ဆုံးထောင်ဒဏ် လေးနှစ်အထိချမှတ်ခံရသည့် ပြစ်မှုဖြစ်သည်ဆိုသော်လည်း ပြစ်ဒဏ်ချမှတ်ခံရသူများသည် တစ်ခါတစ်ရံတွင် အချိန်တိုတောင်းသော ထောင်ဒဏ်၊ ငွေဒဏ်၊ ခံဝန်ချုပ်ဖြင့် လွှတ်ခြင်းတို့လည်းရှိသည်။

Ref: AFP

Most Read

Most Recent