■ လိဒ်စ်အသင်း၏ ရင်ဘတ်စပွန်ဆာအဖြစ် Red Bull ရပ်တည်မည်

■ လိဒ်စ်အသင်း၏ ရင်ဘတ်စပွန်ဆာအဖြစ် Red Bull ရပ်တည်မည်
Photo: Getty Images
Photo: Getty Images
Published 31 May 2024

နာမည်ကျော် အားဖြည့်အချိုရည်ကုမ္ပဏီဖြစ်သည့် Red Bull သည် လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်း၏ ရင်ဘတ်စပွန်ဆာအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်၊ သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်၊ မေဂျာလိဂ်ကလပ် နယူးယောက်ရက်ဘူးလ်အသင်းတို့ကို ပိုင်ဆိုင်ထားသည့် Red Bull ကုမ္ပဏီသည် လိဒ်စ်ယူနိုက်တက်အသင်း၏ ရှယ်ယာအနည်းငယ်ကို ဝယ်ယူရာတွင် ရင်ဘတ်စပွန်ဆာအဖြစ် ရပ်တည်သွားရန်လည်း သဘောတူညီချက်ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လိဒ်စ်အသင်းသည် လက်ရှိအချိန်၌ 49ers ကုမ္ပဏီ၏ ပိုင်ဆိုင်မှုအောက်တွင် ရှိနေသည်။

Most Read

Most Recent