ပွဲစဉ်များ အလွန်များခြင်းမှာ မကောင်းဟု တန်ဟက်ဂ် ဖွင့်ဟ

ပွဲစဉ်များ အလွန်များခြင်းမှာ မကောင်းဟု တန်ဟက်ဂ် ဖွင့်ဟ
Photo: Sky Sports
Photo: Sky Sports
Published 26 September 2024

မန်ယူနည်းပြ တန်ဟက်ဂ်က ပွဲစဉ်များ အလွန်များပြားခြင်းမှာ ဘောလုံးလောကအတွက် မကောင်းကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ယခုရာသီတွင် UEFA က ၎င်းတို့ ကြီးမှူးကျင်းပသည့် ဥရောပပြိုင်ပွဲများတွင် အသင်းများတိုးမြှင့်ပြီး ပုံစံပြောင်းလဲကျင်းပနေခြင်းကြောင့် ပွဲစဉ်များ ပိုမိုများပြားလာခဲ့သည်။

ပွဲစဉ်များပိုမိုများပြားလာခြင်းကို ကစားသမားများကလည်း ဝေဖန်နေကြပြီး ယခုအခါ တန်ဟက်ဂ်ကပါ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်က ''ပွဲစဉ်တွေများတာ၊ ပြိုင်ပွဲတွေများတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ အများကြီးပြောခဲ့ပြီးပါပြီ။ ကစားသမားတွေအနေနဲ့ မနိုင်ဝန်ကို ထမ်းနေရပြီး ဒါက ဘောလုံးအတွက် မကောင်းပါဘူး။ ပွဲများတာက စီးပွားရေးအတွက်ပဲ ကောင်းတာပါ''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent