​​​​​​​မလေးရှားအစိုးရက အော်ပရာစီ စစ်ဆေးမှုများ နိုင်ငံတဝန်း အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် အထောက်အထားများ ကိုယ်နှင့်မကွာ ဆောင်ထားရန် မြန်မာလုပ်သားများကို သတိပေး

​​​​​​​မလေးရှားအစိုးရက အော်ပရာစီ စစ်ဆေးမှုများ နိုင်ငံတဝန်း အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် အထောက်အထားများ ကိုယ်နှင့်မကွာ ဆောင်ထားရန် မြန်မာလုပ်သားများကို သတိပေး
Published 28 May 2024

မလေးရှားအစိုးရက အော်ပရာစီ စစ်ဆေးမှုများ နိုင်ငံတဝန်း အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် အထောက်အထားများ ကိုယ်နှင့်မကွာ ဆောင်ထားရန် မြန်မာလုပ်သားများကို သတိပေး

မလေးရှားအစိုးရက အော်ပရာစီ စစ်ဆေးမှုများ နိုင်ငံတဝန်း အရှိန်မြင့်လုပ်ဆောင်နေသဖြင့် အထောက်အထားများ ကိုယ်နှင့် မကွာဆောင်ထားရန် မြန်မာလုပ်သားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိ ပေးထားသည်။

 မလေးရှားအစိုးရကနိုင်ငံအတွင်း တရား မဝင်ရောက်ရှိနေသည့် နိုင်ငံခြားသားများ ပပျောက်စေရေး ရည်ရွယ်လျက် စီမံချက်များ ချမှတ်ပြီး Operasi  စစ်ဆေးမှုများကို နိုင်ငံတဝန်း အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် မလေးရှားနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေ ကြသော မြန်မာနိုင်ငံသားများအနေဖြင့် ယခု ကာလအတွင်း အသွားအလာများ ဂရုပြုကြရန်နှင့် မဖြစ်မနေခရီးသွားလာရပါက နိုင်ငံကူး လက်မှတ်နှင့် လိုအပ်သည့် စာရွက်စာတမ်း များကိုလည်း Operasi  စစ်ဆေးမှုများရှိ သည့် အခါတွင် တင်ပြနိုင်ရန်အတွက် ကိုယ်နှင့်မကွာ ဆောင်ထားကြပါရန် အသိပေးနှိုးဆော်အပ် သည်ဟု မြန်မာသံရုံးက ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ခြင်း/အသစ်လျှောက်ထားခြင်းနှင့် C of I  လျှောက်ထားခြင်းကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖြား လိုသူများက facebook နှင့် Tiktok များ အသုံးပြု၍ သတင်းအမှား၊ မမှန်ကန်သည့် ရေးသား/ပြောကြားချက်များ ဖြန့်ဝေနေသည် ကို တွေ့ရှိရကြောင်း၊ အဆိုပါလူမှုကွန်ရက်စာ မျက်နှာများမှာ သံရုံးနှင့် သက်ဆိုင်မှုမရှိ ကြောင်း၊ မြန်မာနိုင်ငံသားများအား လိမ်လည် လှည့်ဖျားနေသူများကို မြန်မာသံရုံးမှ ဥပဒေ နှင့်အညီ အရေးယူမည်ဖြစ်ကြောင်း မြန်မာ သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက် မှတ် ကိစ္စရပ်များ၊ C of I  ထုတ်ပေးသည့် ကိစ္စ နှင့် ထောက်ခံစာများ ထုတ်ပေးသည့် ကိစ္စတို့ ကို ညွှန်ကြားချက်များနှင့်အညီ  www.mekl.org တွင် ရက်ချိန်းရယူထားပြီးသူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးနေသည်ဟု ကွာ လာလမ်ပူရှိမြန်မာသံရုံးက ထုတ်ပြန်ထား သည်။

မလေးရှားနိုင်ငံမှာ မြန်မာရွှေ့ပြောင်း လုပ်သားအများစု သွားရောက်လုပ်ကိုင်လျက် ရှိသည့် နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ် သည်။

မေ ၂၈ ရက်နံနက် ၁ နာရီတွင် မလေး ရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန JIM u Sentul ဒေသအနီးတွင် တရားမဝင် အခြေချ နေထိုင်နေသည့် နိုင်ငံခြားသားများရှိသည်ဟု သတင်းရရှိသဖြင့် စစ်ဆင်ရေးတစ်ခု ပြုလုပ်ရာ နိုင်ငံခြားသား ၁၂၃ ဦးကို တွေ့ရှိခဲ့ကြောင်း၊ ယင်းတို့အနက် တရားမဝင် မြန်မာနိုင်ငံသား ၉၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု မလေးရှား အစိုးရက သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent