တရုတ်နိုင်ငံအလယ်ပိုင်းရှိ မူလတန်းကျောင်းတွင် ဓားထိုးမှုများဖြစ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

တရုတ်နိုင်ငံအလယ်ပိုင်းရှိ မူလတန်းကျောင်းတွင် ဓားထိုးမှုများဖြစ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
Photo: Daily Mail
Photo: Daily Mail
Published 21 May 2024

တရုတ်နိုင်ငံအလယ်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် မေ ၂၀ ရက်က အမျိုးသမီးတစ်ဦး သစ်သီးဓားဖြင့်လိုက်ထိုးမှုကြောင့် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ကြေညာခဲ့သည်။

ကျန်းရှီးပြည်နယ်၊ ကွေ့ရှီးမြို့အတွင်းရှိ မူလတန်းကျောင်းတွင် မေ ၂၀ ရက်မွန်းတည့်ချိန်ဝန်းကျင်၌ အခင်းဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူလေးဦးအပြင် နောက်ခြောက်ဦးက ပွန်းပဲ့ရာများရခဲ့သည်ဟု သတင်းတွင်ဖော် ပြသည်။တရားခံသည် အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရဲတပ်ဖွဲ့ကဖမ်းဆီးထားသည်။

ဓားထိုးမှုသတင်းကြောင့် ကလေးမိဘများမှာ ထိတ်လန့်ခဲ့ကြပြီး ကျောင်းသားမိဘတစ်ဦးက သတင်းကြား၍ သူအရမ်းစိုးရိမ်ခဲ့ကြောင်း၊ သူ့ကလေးက ငါးတန်းတက်နေပြီး အိမ်ကိုဘေးကင်းစွာပြန်ရောက်လာသော်လည်း ကျောင်းကသူတို့ကို ဘာမှအကြောင်းမကြားဟု ဘီဘီစီကိုပြောသည်။

သို့သော်အခြား ကျောင်းသားဖခင်တစ်ဦးက ဆရာ၊ ဆရာမများသည် အခြေအနေကို ကောင်းစွာကိုင် တွယ်နိုင်ခဲ့ကြောင်း၊ ကလေးများ၏ဓာတ်ပုံများကို မိဘများရှိရာအွန်လိုင်းဂရု(ပ်)များတွင် တင်ပေးပြီး ကလေးများဘေးကင်းသည်ဟု အကြောင်းကြားကာ ကလေးများကိုလာခေါ်ခိုင်းကြောင်း ပြောသည်။သေဆုံးသူနှစ်ဦးက ကလေးများဟုတ်၊ မဟုတ် မသိရသေးပေ။

တရုတ်နိုင်ငံတွင် လက်နက်ကိုင်ဆောင်ခွင့်ကို ပြင်းပြင်းထန်ထန်တားမြစ်ထားသော်လည်း လတ်တလောနှစ်များတွင် ဓားထိုးခံရမှုများ အဖြစ်များလာသည်။မနှစ်ကသြဂုတ်က ယူနန်ပြည်နယ်တွင် စိတ်ပုံမှန်မဟုတ်သည့် အမျိုးသားတစ်ဦးက ဓားဖြင့်ရန်ပြုသည့်အတွက် လူနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ သည်။

ထိုဖြစ်ရပ်မတိုင်မီ တောင်ပိုင်းကွမ်တုံ ပြည်နယ်ရှိ မူကြိုကျောင်းတစ်ကျောင်းတွင် ဓားထိုးခံရမှုကြောင့် ခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်။၂၀၂၂ ခုနှစ် ၊ သြဂုတ်တွင်လည်း ကျန်းရှှီးပြည်နယ်ရှိ မူကြိုတစ်ခုတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံးခဲ့သည်။                   

 

Ref: AFP/ BBC

 

 

Most Read

Most Recent