ONE Friday Fight 63 မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းမင်းနိုင် ဂျပန်ဖိုက်တာ တိုမိုကီဆာတိုနှင့် ယှဉ်ပြိုင်ထိုးသတ်မည်

ONE Friday Fight 63 မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းမင်းနိုင် ဂျပန်ဖိုက်တာ တိုမိုကီဆာတိုနှင့် ယှဉ်ပြိုင်ထိုးသတ်မည်
Photo: ONE
Photo: ONE
Published 13 May 2024

 မြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် ONE Friday Fight 63 မွေထိုင်းပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ တိုမိုကီဆာတိုနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ONE Friday Fight 63 မွေထိုင်းပြိုင်ပွဲကို လာမည့် မေ ၁၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မည်ဖြစ်ပြီး ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် ပွဲစဉ် ၅ တွင် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဂျပန်ဖိုက်တာ  တိုမိုကီဆာတိုသည် အသက်(၃၂) နှစ်ရှိပြီဖြစ်ပြီး ONE Friday Fight  တွင် တစ်ပွဲသာထိုးသတ်ထားဖူးပြီး အနိုင်ရရှိထားကြောင်း သိရသည်။

ဂျပန်ဖိုက်တာ  တိုမိုကီဆာတိုသည်  ပြီးခဲ့သည့်  ဖေဖော်ဝါရီအတွင်းက ထိုင်းဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။

တိုမိုကီဆာတိုသည်  အရပ် ၅ ပေ ၁၀ လက္မရှိသူဖြစ်သောကြောင့် Reach တွင် ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်ထက် အသာရဖွယ်ရှိနေသည်။

ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် ONE Friday Fight  မွေထိုင်းပြိုင်ပွဲများတွင် ငါးပွဲထိုးသတ်ထားရာ သုံးပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။

ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် ONE Friday Fight  တွင် ပထမဆုံးအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်  မတ်လအတွင်းက အိမ်ရှင်မွေထိုင်းဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် ဒုတိယပွဲအဖြစ်  ၂၀၂၃ ခုနှစ်၊ မေလအတွင်းက အိမ်ရှင်ထိုင်းဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် တတိယပွဲအဖြစ်  ၂၀၂၃ ခုနှစ် ဇူလိုင်အတွင်းက မလေးရှားဖိုက်တာ ခါဘီလန်ဂျလီဗန်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့သည်။

ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် လေးပွဲမြောက်အဖြစ်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာအတွင်းက အမေရိကန်ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် ငါးပွဲမြောက်အဖြစ် ပြီးခဲ့သည့်ဇန်နဝါရီအတွင်းက ပထမတစ်ကြိမ်ရှုံးနိမ့်ထားသည့် မလေးရှားဖိုက်တာ ခါဘီလန်ဂျလီဗန်နှင့် မကျေပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။

ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် ONE Friday Fight တွင် ငါးပွဲထိုးသတ်ခဲ့ရာ မလေးရှားဖိုက်တာ ခါဘီလန်ဂျလီဗန်ကိုပင် နှစ်ကြိမ်စလုံးရှုံးနိမ့်ထားခြင်းဖြစ်သည်။

ထွန်းမင်းနိုင်(ခ) ဆူလိုင်မန်သည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံ၊ နောင်ဘူရီခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် မွေထိုင်းပြိုင်ပွဲတွင် စကော့တလန်ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ သုံးချီစလုံး အပြန်အလှန်ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့သော်လည်း အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent