ထိုင်းနိုင်ငံ၏ ဒူးရင်းသီးခြံများကို ရိုက်ခတ်လာသော အပူလှိုင်း

ထိုင်းနိုင်ငံ၏ ဒူးရင်းသီးခြံများကို ရိုက်ခတ်လာသော အပူလှိုင်း
Published 12 May 2024

ဒူးရင်းခြံတွင် အလုပ်လုပ်နေသည့်အလုပ်သမားတစ်ဦးသည် သစ်ပင်ပေါ်သို့ ကျွမ်းကျင်စွာတက်ပြီးနောက် ကြီးမားသည့် အသီးတစ်လုံး ကို ဖြတ်ယူခဲ့သည်။ယင်းနောက်သူသည် ထိုအသီးကို အပင်အောက်ရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဆီသို့ ပစ်ပေးခဲ့သည်။ထိုအသီးသည် ပေ ၅ဝအ ကွာရှိ ၎င်း၏ လုပ်ဖော် ကိုင်ဖက်ထံသို့ ညင်သာစွာ ကျလာခဲ့သည်။

ထိုင်းနိုင်ငံ၏ ထင်ရှားပြီး အမြတ်များသည် တင်ပို့ကုန်များတွင် “အသီးများ၏ဘုရင်”ဟုတင်စားခေါ်ဆိုသည့် ဒူးရင်းသီးလည်းအပါအဝင်ဖြစ်ကာ ထူးခြားသော အနံ့ရှိသည့် ထိုအသီးကို ထိုင်းတွင် နှစ်ပေါင်းရာချီ စိုက်ပျိုးလာခဲ့သည်။

ကမ္ဘာကြီးပူနွေးလာမှုသည် ဒူးရင်းသီးစိုက်ပျိုးမှုလုပ်ငန်းကို ထိခိုက်လာချိန်တွင် ထိုင်းနိုင်ငံ၌ကြုံ တွေ့နေသော ပြင်းထန်သည့် အပူလှိုင်းသည်  အထွက်နှုန်းလျော့လာကာ ကုန်ကျစရိတ် ပိုမိုများပြားလာသောကြောင့် စိုက်ပျိုးသူများနှင့် ရောင်းချသူများကြား ထိတ်ထိတ်ပျာပျာဖြစ်လာခဲ့ကြသည်။

“ဒီနှစ်ကတော့ ကပ်ဆိုက်တာပဲ”ဟုဒူးရင်းစိုက်တောင်သူ ဘူဆာဘာနက်ပီပက်က အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် ၃၀ ခန့်ကထိုင်းနိုင်ငံ၏ ဒူးရင်းသီးအဓိကစိုက်ပျိုးထွက်ရှိရာ ချန်သာဘူရီပြည်နယ်ရှိ ၎င်းမိဘများ၏ ခြံကိုအသက် ၅၄ နှစ် အရွယ် ဘူဆာဘာက လွှဲယူခဲ့သည်။

“အနာဂတ်မှာ ရာသီဥတုက အခုထက်ပိုပြီး ပူလာမယ်ဆိုရင်ပိုပြီး ဒုက္ခရောက်လာမှာပါ။ လယ်သမား တွေအနေနဲ့  ဒူးရင်းသီးတွေကို ဘယ်လိုမှ စိုက်ပျိုးနိုင်တော့မှာမဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

ဒူးရင်းသီးရာသီသည် မတ်လမှစတင်ကာ ဇွန်လအထိဖြစ်သော်လည်း ၎င်း၏ပြည်နယ်တွင် အပူချိန်သည် သီတင်းပတ်ပေါင်းများစွာကြာ ၄၀ ဒီဂရီဆဲလ်စီးယက်စ်ဝန်းကျင်၌ ရှိနေသည့်အပြင် နောက်ဆက်တွဲမိုး ခေါင်မှုကြောင့် ရိပ်သိမ်းချိန်ပိုမိုတိုလာခဲ့သည်။

“အလေးချိန်နဲ့ အရွယ်အစားအလိုက် သတ်မှတ်ထားတဲ့ ဒူးရင်းသီးတွေဟာ အပူရှိန်ကြောင့် ရင့်မှည့်မှု မြန်ဆန်တဲ့အတွက် အပြည့်အဝနဲ့ တန်ဖိုးအရှိဆုံးအရွယ်အစားအထိ မကြီးထွားလာနိုင်တော့ပါဘူး” ဟုဘူ ဆာဘာက ဆိုသည်။

“ဒူးရင်းသီးရဲ့ အရည်အသွေးဟာ သတ်မှတ်စံနှုန်းကို မမီတော့ပါ ဘူး”ဟု ၎င်းက ဆိုသည်။

ဘူဆာဘာသည် ဒူးရင်းသီးအတွက် ငွေကြေးရရှိမှု နည်းသွားရုံသာမက လုပ်ငန်းလည်ပတ်မှုစရိတ်မြင့် တက်လာခဲ့သည်။

မတ်လကတည်းက မိုးခေါင်မှုကြောင့် ရေတွင်းများတွင် ရေများခန်းခြောက်ခဲ့သည့်အတွက် ၎င်း၏ အဖိုးတန်ဒူးရင်းပင်များ ဆက်လက်ရှင်သန်ရေးအတွက် ဘူဆာဘာသည် ရေတင်ကားများဖြင့် ထောင် နှင့်ချီသောရေလီတာများကို ဝယ်ယူခဲ့ရသည်။

“ကျွန်မရဲ့ ဒူးရင်းသီးခြံတစ်ခြံလုံးကို တစ်ကြိမ်ရေလောင်းပေးဖို့အတွက် ရေ ၁၂၀,၀၀၀ လီတာပါတဲ့ ရေကား၁၀ ကားကို ဝယ်ယူခဲ့ရပါတယ်”ဟု၎င်းက ပြောကြားခဲ့ကာအ ခြားနေ့များတွင် ရေလောင်းရန်အတွက် ရေများကိုဝယ်ယူခဲ့ရပြီး ဒေါ်လာထောင်ချီကုန်ကျခဲ့သည်။

“မိုးရွာဖို့ ဆုတောင်းနေရပေမယ့် မိုးမရွာခဲ့ပါဘူး”ဟုဘူဆာဘာ က ဆိုသည်။

ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့ မှုသည် ဒေါ်လာဘီလျံချီတန်ကြေးရှိပြီး ဆန်နှင့်ရော်ဘာပြီးနောက်ထိုင်း နိုင်ငံ၏ တတိယမြောက်တန်ကြေးအရှိဆုံး စိုက်ပျိုးထွက်ကုန်ဖြစ်သည်။

သို့သော်အနီးအနားရှိ ဒူးရင်းသီးစျေးတွင် ရောင်းချသူများအကြား စိုးရိမ်မှုများ ပိုမိုမြင့်တက်လာသည်။

ဒူးရင်းသီးရောင်းချသူ ဆရီဝမ် ရူကဲယောက်က ရေရှားပါးခြင်းသည် အသီး၏အရွယ်အစားအပေါ်သက် ရောက်မှုရှိသော်လည်း တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်မှုကြောင့် စျေးနှုန်းများ ဆက်လက်မြင့်တက်နေ သည်ဟုဆိုသည်။

ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့ မှုများ၏ ၉၅ ရာခိုင်နှုန်းဝန်းကျင်မှာ တရုတ်နိုင်ငံသို့ဖြစ်ကာ ၂၀၂၃ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဒူးရင်းသီးတန်ကြေး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါးတင် ပို့နိုင်ခဲ့သည်ဟု ပေကျင်း၏ကုန် သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ရာသီဥတုသည်ထိုင်းနိုင်ငံ၏ ထင်ရှားမှုကို ခြိမ်းခြောက်လျက်ရှိသည်။

မေလက တရုတ်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြချက်အရ ထိုင်းနိုင်ငံတွင် အပူလှိုင်းနှင့် မိုးခေါင်မှုကြောင့် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးတင်ပို့ မှု ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

“ပူပြင်းတဲ့ရာသီဥတုက ဒူးရင်းသီးတွေကို အထွက်နည်းစေပါတယ်။ ဒီနှစ်မှာတော့ ဒူးရင်းသီးတွေနည်း လာပါတယ်။ပုံမှန်ဆိုရင် အခုချိန်ဆို ကျွန်မဆိုင်မှာ ဒူးရင်းသီးတွေအပြည့် ဖြစ်နေတာပါ”ဟုဆီရီဝမ်က ပြောပြ ခဲ့သည်။

“ဒူးရင်းသီးအထွက်နည်းတော့ ကျွန်မတို့ဝင်ငွေတွေ နည်းလာတာပေါ့။ အဲဒါကြောင့်တစ်နှစ်ပတ်လုံး နေထိုင်စားသောက်ဖို့ပိုပြီး ခက်ခဲလာပါတယ်”ဟု ၎င်းက ပြောပြခဲ့သည်။

                                           Ref:AFP

Most Read

Most Recent