မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို ပင်လယ်ထဲသို့ ပစ်လွှတ်

မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို ပင်လယ်ထဲသို့ ပစ်လွှတ်
Published 12 September 2024

စက်တင်ဘာ ၁၂ ရက်က မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက် ရေပြင်ထဲသို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီယားသည် ဇူလိုင်လ အစောပိုင်းမှစ၍အကြီးစား လက်နက်စမ်းသပ်မှုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အွန်၏ အစိုးရသည် ယခုနှစ်အတွင်း လက်နက်စမ်းသပ်မှု အများအပြား လုပ်ဆောင်ခဲ့ သည်။ ယင်းသို့ အဆက်မပြတ်လုပ်ဆောင်နေသည့် လက်နက်စမ်းသပ်မှုအချို့သည် ယူက ရိန်းစစ်ပွဲတွင် အသုံးပြုနိုင်ရန် မဟာမိတ် ရုရှားအား စစ်လက်နက်များကို တရားမဝင်ပေးပို့နေခြင်းနှင့် ဆက်နွှယ်နေဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

မြောက်ကိုရီးယားကမူ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ကာ ရုရှားနှင့် စစ်လက်နက်ကုန်သွယ်မှု လုပ်ဆောင်နေသည်ဆိုခြင်းကို ငြင်းဆန်ထားသည်။ သို့သော် သံခင်းတမန်ခင်း ဆက်ဆံမှုများ ရပ်တန့်သွားပြီးနောက် တောင်ကိုရီးယားသည် မိမိတို့၏ အဓိက ရန် သူဖြစ်ကြောင်း မြောက်ကိုရီးယားက ယခုနှစ်ထဲတွင် ကြေညာခဲ့သည်။

မြောက်ကိုရီးယားက ၎င်းတို့၏တောင်ပိုင်းနယ်စပ်သို့ ပဲ့ထိန်းဒုံးပစ်လောင်ချာ ၂၅၀ ကို ဖြန့်ကြက်ခဲ့သည်ဟုလည်း နိုင်ငံပိုင်မီဒီယာ က သြဂုတ် ၅ ရက်တွင် ဖော်ပြခဲ့သည်။

စက်တင်ဘာ ၁၂ ရက် နံနက်အစောပိုင်းက ပြုံယမ်းမြို့ဆီမှ အရှေ့ပင်လယ်(ဂျပန်ပင် လယ်)ထဲသို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့သည်ကို ထောက်လှမ်းတွေ့ရှိရကြောင်း တောင်ကိုရီးယားပူးတွဲစစ် ဦးစီးချုပ်များအဖွဲ့ JCS က ပြောကြားသည်။

အဆိုပါ  ဒုံးကျည်များသည် အကွာအဝေးအားဖြင့် ကီလိုမီတာ ၃၆၀ ခန့် ပျံသန်းခဲ့ပြီးနောက် ရေပြင်ထဲသို့ ကျရောက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ၎င်းဒုံးကျည်ပစ်လွှတ်မှုကို ချက်ချင်း ထောက်လှမ်းသိရှိကာ ခြေရာခံ စောင့်ကြည့်လျက် မဟာမိတ်နိုင်ငံများဖြစ်သည့် ဂျပန်နှင့် အမေရိကန်တို့အား အသိပေးခဲ့ကြောင်း JCS က ဆိုသည်။

          ယင်းလက်နက်စမ်းသပ်မှုသည် ကိုရီး ယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းမှုကို အ ကြီးအကျယ် ခြိမ်းခြောက်နေသည့် ထင်ရှား သော ရန်စမှုဖြစ်ကြောင်းလည်း JCS က ပြော ကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း အဆိုပါ ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ အတည်ပြုခဲ့ပြီး ယင်းနှင့်ပတ်သက်၍ မြောက် ကိုရီးယားအား ကန့်ကွက်ထားကြောင်း ဝန်ကြီးချုပ် ဖုမိယိုကိရှိဒက ပြောကြားခဲ့သည်။

ယင်းသည် ဇူလိုင် ၁ ရက်နောက်ပိုင်း မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ၂၀၁၆ ခုနှစ်က ပြုလုပ်သည့် ပဥ္စမမြောက် နျူကလီးယားစမ်းသပ်မှု အပါအဝင် နိုင်ငံတည်ထောင်သည့် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ဖြစ်သော စက်တင်ဘာ ၉ ရက်ဝန်းကျင်၌ ဒုံးကျည်စမ်း သပ်မှုများကို ပုံမှန်ပြုလုပ်လေ့ရှိသည်။

မြောက်ကိုရီးယားက မိမိတို့၏နျူကလီး ယားလက်နက်အင်အား တိုးမြှင့်မှုကို မရပ်မနား လုပ်ဆောင်လျက်ရှိ ကြောင်း၊နျူကလီး ယားတပ်ဖွဲ့ အပါအဝင်မြောက်ကိုရီးယား၏ လက်နက်ကိုင်တပ်ဖွဲ့အားလုံး တိုက်ပွဲအတွက် အသင့်ဖြစ်စေရေးအတွက် အစီအမံများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ကင်က ပြောကြားထားသည်။

Most Read

Most Recent