ဘင်္ဂလားဒေ့ရှ်တွင် စစ်တပ်အကြီးအကဲဟောင်းများက ဆန္ဒပြသူများကို ထောက်ခံ

ဘင်္ဂလားဒေ့ရှ်တွင် စစ်တပ်အကြီးအကဲဟောင်းများက ဆန္ဒပြသူများကို ထောက်ခံ
Published 4 August 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထောင်နှင့်ချီ သည့် ဆန္ဒပြသူများသည် သြဂုတ်  ၄ ရက်က ဒါကာမြို့တော်ရှိလမ်းများပေါ်တွင် စုရုံးဆန္ဒ ပြခဲ့ကြပြီး စစ်တပ်အကြီးအကဲဟောင်းများက ဆန္ဒပြသူများကို ထောက်ခံကြောင်းပြသခဲ့ကြ သည်။

နိုင်ငံတစ်ဝန်း အာဏာဖီဆန်ရေးလှုပ် ရှားမှုကို ဦးဆောင်သည့် ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ အဆစ်ဖ် မာမွတ်က ၎င်းင်းတို့အား ထောက်ခံသူများကို တိုက်ပွဲဝင်ရန် အသင့်ပြင် ထားကြောင်း ပြောကြားခဲ့သည်။

“၀ါးရင်းတုတ်တွေ အသင့်ပြင်ထားပြီး ဘင်္ဂလားဒေ့ရှ်ကို လွတ်မြောက်အောင်လုပ်ကြ စို့” ဟု မာမွတ်က ၎င်းင်း၏ Facebook တွင် သြဂုတ် ၄ ရက်တွင် ရေးသားခဲ့သည်။

ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် အစောပိုင်း ကာလများတွင် စစ်တပ်သည် တရားဥပဒေစိုး မိုးရေးကို ထိန်းသိမ်းရန် ဝင်ရောက်ဆောင်ရွက် ခဲ့သော်လည်း လက်ရှိတွင် စစ်တပ်အရာရှိ ဟောင်းအချို့က ကျောင်းသားများ၏ ဆန္ဒပြ လှုပ်ရှားမှုတွင် ပူးပေါင်းခဲ့ကာ စစ်တပ်အကြီး အကဲဟောင်း ဗိုလ်ချုပ်ကြီး အစ်ခ်ဘယ်လ် ကာရငမ် ဘူအီယန်က ဆန္ဒပြသူများကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် ၎င်းင်း ၏ facebook profile ပုံကို အနီရောင် ပြောင်းလဲခဲ့သည်။

လက်ရှိ စစ်တပ်အကြီးအကဲ ဝက်ကာ အူဇ် ဇာမန်က သြဂုတ် ၃ ရက်တွင် ဒါကာမြို့ တော်ရှိ စစ်ဌာနချုပ်၌ အရာရှိများကို မိန့်ခွန်း ပြောကြားခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်စစ်တပ် သည် လူထု၏ ယုံကြည်မှုသင်္ကေတဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် ပြည်သူများ ဘက်မှ အမြဲတမ်းရပ်တည်ခဲ့ပြီး ပြည်သူများ ၏ အကျိုးနှင့် နိုင်ငံ၏ လိုအင်များအတွက် ရှေးရှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘင်္ဂ လားဒေ့ရှ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် နောက်ထပ်အ သေးစိတ်အချက်အလက်များ ဖော်ပြခဲ့ခြင်း မရှိဘဲ စစ်တပ်အနေဖြင့် ဆန္ဒပြမှုကို ထောက် ခံခြင်းရှိ၊ မရှိ တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အ ကိုင်ခွဲတမ်းချမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နှင့် ဆူပူအုံကြွ မှုများကြောင့် ပြီးခဲ့သည့် လအ တွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ကာ ထို ဖြစ်စဉ်သည် ဟာစီနာ၏ ၁၅ နှစ်သက်တမ်း ကာလတွင် အဆုံးရွားဆုံး ဆူပူအုံကြွမှုဖြစ်စဉ် ဖြစ်ခဲ့သည်။

          တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် စစ်သားများကို ဖြန့်ကြက်ချထားခဲ့သော်လည်း ယခုသီတင်းပတ်အတွင်း လမ်းများပေါ်တွင် ဆန္ဒပြမှုများပြန်လည်ဖြစ်ပွားခဲ့ကာ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်စေရန် အမိန့် မနာခံရေးလှုပ်ရှားမှုပြုလုပ်ကြရန် ဆန္ဒပြသူ များက တိုက်တွန်းခဲ့သည်။

          ]]အမိန့်မနာခံရေးလှုပ်ရှားမှုတွေထဲမှာ အခွန်တွေ၊ မီတာခတွေ၊ ရေဖိုးတွေ မပေး ဆောင်တာတွေ၊ အစိုးရဝန်ထမ်းတွေ ရုံးမ တက်တာတွေ၊ ဘဏ်တွေကတစ်ဆင့် ပြည်ပ က ငွေလွှဲတာတွေကို ရပ်နားပစ်တာတွေပါ ဝင်ပါတယ်}} ဟု ဆန္ဒပြကျောင်းသားအဖွဲ့မှ အဆစ် မာမွတ်က အေအက်ဖ်ပီသတင်းဌာန ကို ပြောကြားခဲ့သည်။

          ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ အလုပ်အ ကိုင်များ ခွဲတမ်းချသည့် စနစ်ကိုပြန်လည် ကျင့်သုံးခဲ့မှုနှင့်ပတ်သက်ပြီး ဇူလိုင်လအစော ပိုင်းကတည်းက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

          ထိုဆန္ဒပြမှုများအတွင်း ရုပ်ရှင်သရုပ် ဆောင်များ၊ တေးဂီတပညာရှင်များ၊ အဆို တော်များအပါအဝင် ဘင်္ဂလားဒေ့ရှ်၏ နယ် ပယ်အသီးသီးမှ အထင်ကရလူပုဂ္ဂိုလ်များပါ ဝင်ခဲ့သည်။                       

Most Read

Most Recent