နေပြည်တော်အတွင်း ရေကြီးမှုကြောင့် ပိတ်မိနေသူများအနက် ၈၈၇ ဦးအား ရေလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ

နေပြည်တော်အတွင်း ရေကြီးမှုကြောင့် ပိတ်မိနေသူများအနက် ၈၈၇ ဦးအား ရေလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ
Published 12 September 2024

နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများကြောင့် ပိတ်မိနေသူများအနက် ၈၈၇ ဦးအား ရေလွတ်ရာ နေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများဝင်ရောက်လျက်ရှိရာ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရေကြီးရေလျှံမှုများကြောင့် ပိတ်မိနေသည့် ကင်းသာလမ်းဆုံမှ ၂၉ ဦး၊ သာယာအေးမှ ၁၂ ဦး၊ ဆင်တဲကြီးရွာမှ ၄၁ ဦး၊ အောင်ဇေယျ၊ ဘုရင့်နောင်၊ ပိန်းတောမှ ၁၂ဝဦး၊ ရှောက်ကုန်းနှင့် ကင်းသာမှ ၅၀ ဦး၊ အနော်ရထာရပ်ကွက်မှ ၁၉ ဦး၊ နောင်သင်္ခါရွာသစ်မှ ၁၈ ဦး၊ မန်ကျည်းပင်၊ ဘုရင့်နောင်၊ ခုတင်(၁၀၀)ဆေးရုံ၊ ဓမ္မရိပ်သာမှ ၄၄၅ ဦး၊ ဘိုးဘွားရီပ်သာမှ ၃၅ ဦး၊ ကျည်တောင်ကန်နှင့် အောင်ပန်းကျေးရွာမှ ၁၈ ဦး၊ သာယာကုန်းကျေးရွာမှ ၈ ဦး၊ သရက်သမိန်ကျေးရွာမှ ၅၄ ဦး၊ ဘောဂသီရိကားကြီးဝင်းမှ ၉ ဦး၊ လယ်ဝေး၊ လက်ပံကုန်းကျေးရွာမှ ၈ ဦး၊ အောင်ဇမ္ဗူ(၄)လမ်းမှ ၂၁ ဦး၊ စုစုပေါင်း ရေဘေးသင့်ပြည်သူ ၈၈၇ ဦးအား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်သည်။

လက်ရှိတွင်လယ်ဝေးမြို့နယ်အတွင်း ယ​နေ့(စက်တင်ဘာ ၁၂ ရက်) နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများဖြစ်သည့် ကွမ်းခြံကျေးရွာ၊ ရုံးပင်ကျေးရွာ၊ ဗွက်ကြီးရိုးကျေးရွာ၊ ရေကာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာများသို့ ရေများဝင်ရောက်နေကြောင်း သိရသည်။

Most Read

Most Recent