အီရန်က အစ္စရေးကို မည်သို့ တုံ့ပြန်မည်နည်း

အီရန်က အစ္စရေးကို မည်သို့ တုံ့ပြန်မည်နည်း
Published 4 April 2024
မင်းထက်

ဆီးရီးယားမြို့တော် ဒမတ်စကတ်ရှိ အီရန်သံရုံးဝင်းထဲက ကောင်စစ်ဝန် တိုးချဲ့ ဆောင် ပျက်စီးသွားခဲ့ပြီး ဗိုလ်မှူးချုပ်နှစ်ဦး အပါအဝင် အီရန် တော်လှန်ရေးအစောင့် တပ်က လူ ခုနစ်ဦး သေဆုံးခဲ့ရသော လေကြောင်းတိုက်ခိုက်မှုအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု ဧပြီ ၂ ရက်တွင် အီရန် က သတိပေးခဲ့သည်။

ဧပြီ ၁ ရက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးဘက်က ဖြေကြားခြင်း မပြုပေ။ ဒမတ်စကတ်တိုက်ခိုက်မှုက ဂါဇာစစ်ပွဲ၊ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်၊ ယီမင်တို့ က အီရန် ကျောထောက်နောက်ခံပေးထား သော အုပ်စုများပါဝင်နေသည့် အကြမ်းဖက် မှုတို့ကို လောင်စာထိုးပေးလိုက်သလိုရှိနေ သည်။

ယင်းတိုက်ခိုက်မှုတွင် လူ ၁၃ ဦးသေ ဆုံးခဲ့သည်ဟု အီရန်အစိုးရမီဒီယာက ဖော် ပြခဲ့သည်။ လူ ၁၃ ဦးသေဆုံးသွားသည်ဟု အီရန်သံအမတ်၏ ပြောစကားကို အီရန်အစိုုးရမီဒီယာက ကိုးကားဖော်ပြခဲ့သည်။

အစ္စရေး အက်ဖ်-၃၅ တိုက်လေယာဉ်များက ပစ် လွှတ်လိုက်သောဒုံးကျည်များသည် သံရုံးနှင့် ကပ်လျက်ရှိနေသော ငါးထပ်မြင့် ကောင်စစ် ဝန်အဆောက်အအုံကို ပြိုကျသွားစေခဲ့သည် ဟု ဆီးရီးယားဆိုင်ရာ အီရန်သံအမတ်က ပြောကြားခဲ့သည်။

ပေါက်ကွဲမှုအရှိန်ကြောင့် ယင်းအ ဆောက်အအုံသည် အပျက်အစီးပုံကြီးအ ဖြစ် ပြိုကျသွားခဲ့ကာ အနီးနားက အဆောက် အအုံများ၏ ပြတင်းပေါက်များ ပွင့်ထွက်ကုန် သည်။ ဒမတ်စကတ်မြို့၏ သစ်ရိပ်ဝါးရိပ် ပေါများသော အထက်တန်းစားရပ်ကွက်၌ လမ်းဘေးတွင်ရပ်ထားသော ကားများသည် မည်းတူးကုန်သည်။

မိမိတို့၏ရဲစွမ်းသတ္တိရှိသော အမျိုးသား များ၏လက်တွင် အစ္စရေးကို အပြစ်ပေးရ လိမ့်မည်ဟု အီရန်ဥသျှောင် အယာတိုလာ အလီခါမေနီက ပြောကြားခဲ့သည်။ ဤရာဇ ဝတ်မှုနှင့် အခြားသော ရာဇဝတ်မှုများအ တွက် အစ္စရေး နောင်တရသွားစေရလိမ့်မည် ဟု ခါမေနီက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုသည် နိုင်ငံတကာစည်း မျဉ်းစည်းကမ်းများကို ပြောင်ပြောင်တင်း တင်း ချိုးဖောက်မှုဖြစ်သည်ဟု အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီက ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းတိုက်ခိုက်မှုကို မတုံ့ပြန်ဘဲ နေမည်မ ဟုတ်ဟုဆိုသည်။

တော်လှန်ရေးတပ်ဦး တိုက်ခိုက်ရေး သမားတွေရဲ့ ယုံကြည်ချက်နဲ့ ဆန္ဒတို့ကို တိုက်ခိုက်ရာမှာ ကြိမ်ဖန်များစွာ ရှုံးနိမ့်ခဲ့ပြီး အောင်မြင်မှုမရဖြစ်ခဲ့တာတွေ ရှိလာခဲ့ပြီးတဲ့ နောက် အစ္စရေးဟာ သိက္ခာမဆယ်နိုင်ဖြစ် ပြီး သူ့အာဂျန်ဒါထဲမှာ ကြောင်းကျိုးမမြင်တော့တဲ့ လုပ်ကြံမှုတွေကို ထည့်သွင်းထား တာဖြစ်ပါတယ် ဟု ရိုင်ဆီက ၎င်းရုံး၏ဝက် ဆိုက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဆီးရီးယား၏မဟာမိတ် ရုရှား မေတ္တာရပ်ခံ ချက်ဖြင့်ပြုလုပ်သော အစည်းအဝေးတွင် ယင်းတိုက်ခိုက်မှုအကြောင်းကို ဆွေးနွေးခဲ့ သည်။

တိုက်ခိုက်မှုသည် အခြားသောနိုင်ငံ များ ပါဝင်ပတ်သက်လာနိုင်သော ပဋိပက္ခ တစ်ခုဖြစ်လာရန် လှုံ့ဆော်ပေးသည့်အနေ အထားဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂဆိုင် ရာ အီရန်မစ်ရှင်က သတိပေးခဲ့ပြီး လုံခြုံရေး ကောင်စီသည် ဤတရားမျှတမှုမရှိသော ရာဇဝတ်မှုဆန်ဆန်လုပ်ရပ်ကို ပြစ်တင်ရှုတ် ချရန် တောင်းဆိုခဲ့သည်။

         

တော်လှန်ရေးအစောင့်တပ် ဗိုလ်မှူးချုပ်များ သေဆုံး

တိုက်ခိုက်မှုက တော်လှန်ရေးအစောင့် တပ်၏ အဖွဲ့ဝင် ခုနစ်ဦးကို သေဆုံးသွားစေ ခဲ့သည်ဟု အီရန်က ပြောကြားခဲ့ပြီး အဆိုပါ သေဆုံးသူ ခုနစ်ဦးထဲတွင် တော်လှန်ရေးအ စောင့်တပ်၏ကွပ်တပ်ဖွဲ့ ပြည်ပစစ်ဆင်ရေး များအဖွဲ့ခွဲ၏ တပ်မှူးနှစ်ဦး ပါဝင်ခဲ့သည်ဟု ဆိုသည်။ ဗိုလ်မှူးချုပ်များဖြစ်သော မိုဟာ မက်ရီဇာဇာဟီဒီနှင့် မိုဟာမက်ဟာဒီရာဟီမီ တို့ သေဆုံးသွားသည်ဟု အီရန်က ပြော သည်။

အသက် ၆၃ နှစ်ရှိ ဇာဟီဒီသည် ကွပ် တပ်ဖွဲ့၏ ကွပ်ကဲရေးတာဝန်များကို နှစ် ပေါင်း ၄၀ ကျော် ထမ်းဆောင်လာခဲ့သူဖြစ် သည်ဟု ဆိုသည်။

ကျဆုံးသွားသူများအတွက် စျာပနအ ခမ်းအနားကို နှစ်ပတ်လည် ကွပ်နေ့နှင့် တစ် နေ့တည်းဖြစ်သည့် ဧပြီ ၅ ရက်တွင် ပြုလုပ် မည်ဟု အီရန်အစိုးရသတင်းဌာန  IRNA က ဖော်ပြခဲ့သည်။ ထိုနေ့တွင် အီရန်ပြည်သူ များသည် လမ်းပေါ်ထွက်ကာ ပါလက်စတိုင်း သားများကို ထောက်ခံပြီး အစ္စရေးကို ဆန့် ကျင်ကြောင်း ပြသသည်ကို မြင်ရလိမ့်မည်ဟု ဆိုသည်။

၁၀ နှစ်ကျော်ကြာခဲ့သော ဆီးရီးယား ပြည်တွင်းစစ်ကို စောင့်ကြည့်ခဲ့သော အဖွဲ့ ဖြစ်ပြီး ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးများ အတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က  အစ္စရေးတိုက်ခိုက်မှုကြောင့် ၁၄ ဦး သေဆုံး သွားသည်ဟု ပြောကြားခဲ့သည်။ သေဆုံး သွားသူများထဲတွင် အရပ်သားများမပါဝင်ဟု ဆိုသည်။ အီရန်နိုင်ငံသား ရှစ်ဦး၊ လက်ဘ နွန်နိုင်ငံသား တစ်ဦး၊ အီရန်လိုလားသော ဆီးရီးယားတိုက်ခိုက်ရေးသမား ငါးဦးတို့ဖြစ် သည်ဟု ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ် က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခြင်း ကြောင့် ဂါဇာစစ်ပွဲဖြစ်ပွားချိန်ကတည်းက ဒေသဆိုင်ရာ တင်းမာမှုများ ပေါ်ပေါက်လာ ခဲ့သည်။ ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စ ရေးတွင် လူ ၁,၁၆၀ ခန့် သေဆုံးခဲ့သည်။ သေဆုံးသူ အများစုမှာ အရပ်သားများဖြစ်သည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဟားမာ့စ်ကို အစ္စရေး၏လက်တုံ့ပြန် သော တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူ ၃၃,၀၀၀ နီးပါးသေဆုံးခဲ့သည်။ သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးများ  ဖြစ်သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်၏ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားကတည်းက အစ္စရေးနှင့် ဟစ်ဇဘိုလာသည် နေ့စဉ်နီးပါး နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည်။ အစ္စရေးသည် လက်ဘနွန်နှင့် ဆီးရီး ယားတို့တွင် တိုက်ခိုက်မှုအများအပြား လုပ် ခဲ့သည်။

ဒမတ်စကတ်တိုက်ခိုက်မှုကို ဟားမာ့စ် က ရှုတ်ချခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ပိုမိုကျယ်ပြန့်လာသော ပဋိပက္ခတွင် အန္တရာယ်များသော အရှိန်မြင့်တက်မှုဖြစ်သည် ဟု ဟားမာ့စ်က ပြောကြားခဲ့သည်။

 

အမေရိကအတွက် သတင်းစကား

ဒမတ်စကတ်တိုက်ခိုက်မှုတွင် ၀ါရှင်တန် ပါဝင်ပတ်သက်ခြင်းမရှိ၊ ၀ါရှင်တန်က ကြိုသိထားခြင်းမရှိဟု အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူတစ်ဦး၏ ပြောစကားကို Axios သတင်းဝက်ဆိုက်က ဖော်ပြ ခဲ့သည့်တိုင် အစ္စရေးကို အဓိကထောက်ခံသူ အမေရိကန်သည် ဒမတ်စကတ်တိုက်ခိုက်မှု အတွက် တာဝန်ရှိသည်ဟု အီရန်က ပြော ကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရန်နိုင်ငံရှိ အမေရိကန်အကျိုးစီးပွားများ ကို ကြည့်ရှုပေးနေသော ဆွစ်ဇာလန်သံရုံးရှိ သံတမန်တစ်ဦးကို ဆင့်ခေါ်ခဲ့သည်ဟု အီ ရန်နိုင်ငံခြားရေးဝန်ကြီး အေမာအဗ္ဗဒူလာဟီရန်က လူမှုမီဒီယာ X တွင် ဖော်ပြခဲ့သည်။

“အစ္စရေးအစိုးရကို ထောက်ခံသူဖြစ် တဲ့ အမေရိကန်အစိုးရကို အရေးကြီးတဲ့ သတင်းစကား ပါးလိုက်ပါတယ်။ အမေရိက ဟာ တာဝန်ခံရမယ်ဆိုတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်” ဟု X တွင် ၎င်းက ပို့စ်တင်ခဲ့ သည်။

ဒမတ်စကတ်ရှိ ပေါက်ကွဲရာနေရာဖြစ် သည့် အီရန်သံရုံး၏မျက်နှာစာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဘဂ္ဂဒတ်လေဆိပ်အ ပြင်ဘက်$ အမေရိကန် ဒရုန်းတိုက်ခိုက်မှု အတွင်း သေဆုံးသွားသော ကွပ်တပ်ဖွဲ့အ ကြီးအကဲ ကာဆမ်ဆိုလေမာနီ၏ ရုပ်ပုံကြီး ကို ဆင်ယင်ထားသည်။

အီရန်၏မဟာမိတ်များက အီရန်ကို ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။

“တိုက်ခိုက်မှုကို တရုတ်က ရှုတ်ချပါ တယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်းက ပြော ကြားခဲ့ပြီး သံတမန်အဖွဲ့အစည်းများ၏ လုံ ခြုံရေးကို ချိုးဖောက်ခြင်းမပြုနိုင်ဟု ပြော ကြားခဲ့သည်။ ထို့ပြင် ဆီးရီးယား၏ အချုပ် အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေတည် တံခိုင်မြဲရေးတို့ကို လေးစားသင့်သည်ဟု ပြောကြားခဲ့သည်။

တိုက်ခိုက်မှုသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် မှုဖြစ်သည်ဟု အီရတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ရှုတ်ချခဲ့ပြီး ဒေသတွင်း၌ နောက်ထပ် ဝရုန်းသုန်းကားအခြေအနေများနှင့် မတည် ငြိမ်မှုတို့ကို ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့ သည်။

အစောင့်တပ်၏ တပ်မှူးများကို သတ် သည့်အတွက် အစ္စရေး ပေးဆပ်ရလိမ့်မည် ဟု လက်ဘနွန်၏ ဟစ်ဇဘိုလာအုပ်စုက သတိပေးခဲ့ပြီး ရန်သူသည် အပြစ်ပေးခံရခြင်း နှင့် ရန်စားချေခံရခြင်းတို့မရှိဘဲ ဤရာဇဝတ် မှုကို အလွတ်ပေးလိုက်၍ ရလိမ့်မည်မဟုတ် ဟု ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံရှိ အီရန် ကောင်စစ်ဝင် အဖွဲ့ကို လက်မခံနိုင်စရာ တိုက်ခိုက်မှုအ တွက် အစ္စရေးလေတပ်ကို ရုရှားက အပြစ် တင်ခဲ့သည်။

ဥရောပသမဂ္ဂ (အီးယူ) ပြောခွင့်ရ ပီတာစတာနိုကလည်း အစ္စရေးတိုက်ခိုက်မှု နှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့ သည်။

“ဒေသတွင်း တင်းမာမှုတွေ မြင့်မား လွန်းနေတဲ့အခြေအနေမှာ ဒေသတွင်းမှာ ပဋိပက္ခ အရှိန်မြင့်တက်လာတာဟာ ဘယ် သူ့အကျိုးစီးပွားအတွက်မှ မဟုတ်တာ ကြောင့် သည်းခံမှုကိုပြသဖို့ တကယ်အရေး ကြီးပါတယ်” ဟု ပြောကြားခဲ့သည်။

ဒမတ်စကတ်တိုက်ခိုက်မှုသည် ဆီးရီး ယားပြည်တွင်းစစ်၏ စိတ်ပျက်စရာအ ကောင်းဆုံးသော နေ့ရက်များနှင့်ပတ်သက်  ၍အမှတ်ရစရာများကို သတိပြန်ရလာစေ သည်။ ထို့ကြောင့် တိုက်ခိုက်ခံရသောကောင် စစ်ဝန် အဆောက်အအုံအနီးတွင် နေထိုင် သော အသက် ၄၂ နှစ်အရွယ် မာမွတ်ဘာဒါ ဝီက ၁၃ နှစ်ကျော်ကြာလာသည်အထိ ဆီး ရီးယား၏အခြေအနေသည် တိုးတက်မလာ ဟု ပြောသည်။

ယခု တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကျွန်တော်ဟာ မျှော်လင့်ချက်မရှိတော့ပါ ဘူး။ ကျွန်တော်ဟာ ပိုမိုကောင်းမွန်တဲ့အနာ ဂတ်နဲ့ ကျွန်တော့်မိသားစုရဲ့လုံခြုံရေး သေ ချာစေဖို့ ထွက်သွားတော့မှာဖြစ်ပါတယ်” ဟု ၎င်းင်းက ပြောကြားခဲ့သည်။

အစ္စရေးသည် ဂါဇာစစ်ပွဲ စတင်ပြီးက တည်းက ဆီးရီးယားနိုင်ငံရှိ အီရန် တပ်မှူး များကိုလည်းကောင်း၊ ဆီးရီးယားအိမ်နီးချင်း လက်ဘနွန်ရှိ ဟစ်ဇဘိုလာနှင့်လည်းကောင်း နေ့တိုင်းနီးပါး နယ်စပ်ဖြတ်ကျော်တိုက်ခိုက် မှုများရှိနေခဲ့သည်။ အစ္စရေးက အီရန်ကို တိုက်ရိုက်စိန်ခေါ်သောလုပ်ရပ်ကို အီရန်က မည်သို့တုံ့ပြန်မည်နည်း။

Ref: AFP

Photo: AFP

Most Read

Most Recent