ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟို ကာတာကို ရောက်နေတာ (၆)လ ရှိပါပြီ။ အသက် (၃၁)နှစ်အရွယ် ကော်တင်ဟိုက အက်စတွန်ဗီလာကနေ ကာတာကလပ် အယ်လ်ဒူဟေးကို အငှားနဲ့ လာကစားနေတာပါ။ လီဗာပူးလ်နဲ့အတူ ကစားသမားဘဝ အထွန်းတောက်ဆုံးအချိန်တွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကော်တင်ဟိုက ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အကောင်းဆုံးခြေစွမ်းပျောက်ဆုံးခဲ့သူဖြစ်ပါတယ်။ SPORT နဲ့ တွေ့ဆုံရာမှာ ကော်တင်ဟိုက သူ့ရဲ့ ကစားသမားဘဝအချိုးအကွေ့တွေနဲ့ ဥရောပဘောလုံးအကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် . . .















