■ မီလန်ရောက် အမေရိကန်တစ်ယောက် အကြောင်း

■ မီလန်ရောက် အမေရိကန်တစ်ယောက် အကြောင်း
Photo : Getty Images
Photo : Getty Images
Published 25 January 2024
AK

ဘက်ခမ်ရဲ့မေဂျာလိဂ်ပရိုမိုးရှင်းခေတ်မှာ အမေရိကန်ဘောလုံးလောက အစွမ်းကုန်တိုးတက်လာတယ်။ Made in America တွေ ဥရောပလိဂ်တွေဆီ ပိုပြီးတိုးဝင်လာတယ်။ ဖရက်ဒီအဒူးတို့လို့ ကြယ်ပွင့်အဖြစ် အကြီးအကျယ် ကျော်ကြားပြီးမှ မအောင်မြင်တဲ့သူတွေရှိသလို၊ ပူလီဆစ်လို မျှော်လင့်သလောက် ဖြစ်မလာသေးသူတွေလည်း ရှိနေတယ်။ တကယ်ဆိုရင် ပူလီဆစ်က ဒိုနိုဗန်၊ ဒမ်ဆေးတို့နောက်ပိုင်း အမေရိကန်ပရိသတ်တွေ အမြတ်နိုးဆုံးကစားသမားပါပဲ။ ပူလီဆစ်ရဲ့ တစ်ကိုယ်ရေစာအတွေးထဲလည်း အခမ်းနားဆုံးဆုတံဆိပ်တွေ မျှော်မှန်းမနေပါဘူး။ သူက လက်တွေ့ဆန်ပါတယ်။ အမေရိကန်လူငယ်တွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ချင်တယ်။ မျိုးဆက်သစ်တွေရဲ့ မှတ်ဉာဏ်နဲ့ နှလုံးသားထဲ သူ့နာမည်လေး ရှိစေချင်တယ်။ အဲဒီလောက်ပါပဲ။ ပန်းလေးတွေဟာ ဘယ်သူ့အတွက်ဆိုပြီး ရည်ရွယ်ကာ သီးသန့်မပွင့်သလိုမျိုး ပူလီဆစ်လည်း ဆုဖလားအောင်ပွဲတွေ၊ တစ်ဦးချင်းဆုတံဆိပ်တွေအတွက် ရည်ရွယ်ဖူးပွင့်မနေပါဘူး။ 

 

Most Read

Most Recent