တောင်ကိုရီးယားနိုင်ငံ၊ အီထယ်ဝန် အရပ်တွင် ၂၀၂၂ ခုနှစ်၊ ဟောလိုးဝင်းညက လူပေါင်း ၁၅၉ ဦးသေဆုံးစေခဲ့သည့် လူပိသေဆုံးမှုဖြစ်ရပ် ဖြစ်ပွားခဲ့အပြီး တစ်နှစ် ကျော်အကြာတွင် ဆိုးလ်မြို့တော်ရဲချုပ်ကို တာဝန်ပေါ့ဆမှုဖြင့် တရားစွဲဆိုလိုက်သည်။
ဟောလိုးဝင်းဆင်နွှဲသူများနှင့် ပြည့် ကျပ်စည်ကားနေရင်း လူအုပ်ကသောင်းက နင်းဖြစ်ခဲ့သည့် အီထယ်ဝန်အဖြစ်ဆိုးနှင့် ဆက်နွယ်ပြီး တရားစွဲခံရသူရဲအရာရှိများတွင် ကင်ဂွမ်ဟိုက ရာထူးအကြီးဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်ညက ဆိုးလ်မြို့ လယ် အီထယ်ဝန်တွင် အာဏာပိုင်များအလုံ အလောက်ရှိနေအောင် သေချာမစီမံနိုင်ခဲ့ သဖြင့် အရေးယူခံရခြင်းဖြစ်သည်။လူတိုးဝှေ့ မှုဖြစ်ခဲ့သည့်ညက အီထယ်ဝန်တွင် လူပေါင်း တစ်သိန်းကျော် စုဝေးနေခဲ့ကြသည်။
ကျန်ရစ်သူမိသားစုအချို့က ရဲချုပ် တရားစွဲဆိုခံရမှုအတွက် ဝမ်းသာနေကြသော် လည်း အစောကတည်းက အရေးယူခဲ့သင့် သည်ဟုပြောနေကြသည်။ အခင်းဖြစ်သည့် ညက ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့၏အကြီးအကဲ ကင်ဂွမ်ဟိုသည် တာဝန်ကျရက်မဟုတ်သဖြင့် သူ့အိမ်တွင်ရှိနေခဲ့သည်။
အာဏာပိုင်များပြောကြားချက်အရ ထိုနေ့ညက အီထယ်ဝန်တွင် အရာရှိ ၁၃၇ ဦးရှိနေခဲ့သည်။လူအုပ်အင်အားကမူ အဆ မတန်များနေခဲ့သည်။ လူပိမှု စမဖြစ်မီ နာရီ ပိုင်းအလို၊ ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၃၀ ကျော်ပြီးသည်နှင့် ပြဿနာစ ဖြစ် လာခဲ့သည်။သေဆုံးခဲ့သူအများစုက အသက် ၂၀ ကျော်လူငယ်များဖြစ်သည်။
ပေါ့လျော့မှုက အဓိကအကြောင်းရင်းဖြစ်နေ
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင်ထွက်လာ သည့် အစီရင်ခံစာတွင် မြို့တွင်းမြူနီစီပယ်နှင့် အရေးပေါ်တုံ့ပြန်ရေးအရာရှိများက အစီ အမံအားနည်းမှု ၊ အရေးပေါ် အခြေအနေ နှင့်ကြုံချိန် တုံ့ပြန်မှုအားနည်းမှုတို့တွင် တာ ဝန်ရှိသည်ဟုဆိုထားသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်း လည်းမရှိသည့်အပြင် အကူအညီလိုနေသည့် အရေးပေါ်ဖုန်းခေါ်ဆိုမှုများ ကြားသိရပြီး သည့်တိုင် သင့်လျော်သည့်တုံ့ပြန်မှုများ မရှိ ခဲ့သည်ကိုလည်း စစ်ဆေးတွေ့ခဲ့ရသည်။ အခြေအနေကို မမှန်မကန်အကဲဖြတ်မှုများ ကြောင့် အဖွဲ့အစည်းများအကြား သတင်း လက်ဆင့်ကမ်းရာတွင် နှောင့်နှေးကာ ပူး ပေါင်းမှုမရှိတော့သည်ကိုလည်း တွေ့ရသည်။
အီထယ်ဝန်သည် ဘားဆိုင်၊ စားသောက် ဆိုင်များဖြင့်ပြည့်နေသည့် လမ်းကြိုလမ်းကြား များရှိရာ လူစည်တတ်သည့်ရပ်ကွက်ဖြစ် သည်။ အီထယ်ဝန်မြေအောက်ဘူတာနှင့်နီး ပြီး ဟောလိုးဝင်းလာဆင်နွှဲသူ အိန္ဒိယနိုင်ငံ သားတစ်ဦး အဆိုအရ ညနေငါးနာရီ ကတည်းက လမ်းပေါ်တွင်လူများနေပြီဖြစ် သည်။ ရပ်ကွက်လမ်းများတွင် လူများလွန်း သဖြင့် မလုံခြုံသည့်ခံစားမှုဖြစ်လာသည်ဟုလည်း ဆိုရှယ်မီဒီယာတွင် ပို့စ်များတက်လာ သည်။
လူပိမှု မဖြစ်မီ နာရီပိုင်းအလို ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၄ မိနစ်တွင် အီ ထယ်ဝန်မှ ပထမဆုံးဖုန်းခေါ်ဆိုမှုကို ရဲစခန်း ကရခဲ့သည်။အခြေအနေကို လာထိန်းမှဖြစ် တော့မည်ဟု ဖုန်းဆက်သူက ရဲတပ်ဖွဲ့ကို သတိလှမ်းပေးခဲ့သည်။
ထို့နောက်ရဲအရာရှိက ဖုန်းဆက် အကြောင်းကြားသူကို လူလွှတ်စစ်ဆေးပေး မည်ဟုဆိုခဲ့သည်။ သို့သော်နာရီပိုင်းကြာသည်အထိ စစ်ကူသိသိသာသာ ရောက်မလာပေ။ နောက်သုံးနာရီနှင့် နာရီဝက်အတွင်း အီထယ်ဝန်မှ အရေးပေါ်ဖုန်းခေါ်ဆိုမှု ၁၀ ကြိမ် ထပ်ရှိခဲ့သည်။ ရဲတပ်ဖွဲ့ကိုခေါ်ခဲ့သည့် ဖုန်းခေါ်မှု ၁၁ ခုအနက် လေးခုအတွက်သာ တာဝန်ရှိသူများစေလွှတ်ခဲ့ပြီး ည ၉ နာရီ ၇ မိနစ်မှ စတင်ခေါ်သည့် ဖုန်းခေါ်မှုများကိုမူ ရဲတပ်ဖွဲ့ကမတုံ့ပြန်ခဲ့ပေ။ နောက်ဆုံးခေါ်ခဲ့ သည့်ဖုန်းက ည ၁၀ နာရီ ၁၁ မိနစ်တွင်ဖြစ် သည်။ မိနစ်ပိုင်းအကြာတွင် လူပိမှုစဖြစ်လာ တော့သည်။
ဆိုရှယ်မီဒီယာပေါ်ပျံ့လာသည့် ဗီဒီယို အရ အချို့လူများက အဆောက်အအုံများ၏ဘေးဖက်အခြမ်းများကို တွယ်တက်ကာ လွတ်လမ်းရှာကြသည်ကိုလည်း တွေ့ရသည်။ ည ၁၀ နာရီ ၂၇ မိနစ်တွင် လူနာတင်ကားလေး စီး အရင်ဆုံးရောက်လာသည်။ မိနစ်ပိုင်း အကြာတွင် နောက်ထပ်ခြောက်စီးရောက်လာသည်။
ည ၁၁ နာရီတွင် နောက်ထပ်လူနာတင် ကား အစီး ၃၀ နှင့်အတူ ဘေးအန္တရာယ် တုံ့ပြန်ရေးဆေးအဖွဲ့ ၁၀၀ ကျော် ရောက်လာ သည်။ ည ၁၁ နာရီ ၁၉ မိနစ်တွင် အာဏာပိုင် များက ဟောလိုးဝင်းပွဲမှန်သမျှ ဖျက်သိမ်း ခိုင်းလိုက်သည်။
နောက်တစ်နေ့မနက် ၂ နာရီ မိနစ် ၃၀ တွင် လူအသေအပျောက် အတည်ပြုစာရင်း စထွက်လာကာ သေဆုံးသူ ၅၉ ဦး ၊ ဒဏ်ရာရ သူ ၁၅၀ ဟု ထုတ်ပြန်သည်။ တစ်နာရီအကြာ တွင် သေသူ ၁၂၀ ဖြစ်သွားသည်။တဖြည်း ဖြည်းနှင့် ၁၅၀ ကျော်လာသည်။ အီထယ်ဝန် ဖြစ်ရပ်ဖြစ်ပြီး နာရီပိုင်းအတွင်း တောင်ကိုရီး ယားသမ္မတယွန်းဆော့ယိုက အရေးပေါ်အစည်းအဝေး ခေါ်ယူကာ လူပိမှုဖြစ်ရသည့် အကြောင်းရင်းကို ဖော်ထုတ်မည်ဟုကြေညာခဲ့သည်။
■ ၁၅၉ ဦးမြောက်သေဆုံးသူ
ဟောလိုးဝင်းဖြစ်ရပ်ဆိုးအပြီး အစိုးရက အသက်ရှင်လွတ်မြောက်လာသူများအတွက် အကြံပေးဆွေးနွေးနိုင်မည့် trauma centre တစ်ခုဖွင့်ပေးခဲ့သည်။
သို့သော် မျက်မြင်ကြုံခဲ့ရသူ အသက် ၁၆ နှစ်အရွယ်လီဂျယ်ဟွန်းအတွက် သူရခဲ့ သည့်စိတ်ဒဏ်ရာရက သူ့ကိုအသက်ဆက်ရှင် ချင်စိတ်မပေးခဲ့ပေ။လူတိုးခံရရင်း အချစ်ဆုံး သူငယ်ချင်းနှင့် ချစ်သူကောင်မလေးတို့ သေဆုံးသည့်အထဲ ပါသွားခဲ့ပြီး သူကိုယ်တိုင် လည်း ဆေးရုံရောက်ခဲ့သည်။ကောင်မလေး နှင့်သူငယ်ချင်းဖြစ်သူ သေသွားသည်ကို ဆေးရုံကနေသာ သူသိလိုက်ရသည်။
အီထယ်ဝန်ဖြစ်ရပ် ဖြစ်ပွားပြီး ၄၃ ရက် အကြာတွင် သူ့ကိုယ်သူအဆုံးစီရင်သွားသည်။သူ့ကို ၁၅၉ ဦးမြောက်သေဆုံးသူအဖြစ် သတ်မှတ်ခဲ့သည်။
“အဲဒါကြုံရပြီးတဲ့နောက် သူလုံးဝပြောင်း လဲသွားတယ်။ အရင်ကသူဟာ သွက်လက်ပြီး စကားများတဲ့ကလေး။ အဲဒါဖြစ်ပြီးတော့ သူစကားမပြောလုနီးပါးဖြစ်သွားတယ်။အခန်းထဲမှာ တစ်ကိုယ်တည်းထိုင်ပြီး မအိပ် တော့ဘူး” ဟု မိခင်ဖြစ်သူကဆိုသည်။
Ref: BBC