နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ် H.E.Mr.Gustavo Rocha de Menezes တို့ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စီမံကိန်းများအတွက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် အလားအလာရှိသော လေကြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ အားကစားနှင့် နည်းပညာဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-ဘရာဇီး နှစ်နိုင်ငံအကြား နိုင်ငံရေးရာ ဆွေးနွေးပွဲကျင်းပမှုနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။