ဒီဘရိုင်းနားသည် ပရီးမီးယားလိဂ်သမိုင်းတွင် အကောင်းဆုံးကွင်းလယ်လူမဟုတ်ဟု ဆပ်တန် ပြောကြား

ဒီဘရိုင်းနားသည် ပရီးမီးယားလိဂ်သမိုင်းတွင် အကောင်းဆုံးကွင်းလယ်လူမဟုတ်ဟု ဆပ်တန် ပြောကြား
Photo : Getty Images
Photo : Getty Images
Published 18 January 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ဘလက်ဘန်းဂန္ထဝင် ဆပ်တန်က မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် ပရီးမီးယားလိဂ်သမိုင်းတွင် အကောင်းဆုံးကွင်းလယ်ကစားသမားမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယခုရာသီအစတွင် ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရသည့် ဒီဘရိုင်းနားသည် ပြီးခဲ့သည့်အပတ်က နယူးကာဆယ်အား (၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် လူစားဝင်ကစားပြီး ကိုယ်တိုင်တစ်ဂိုးသွင်းပေးခဲ့သလို၊ မန်စီးတီးအတွက် အနိုင်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။ ထို့ကြောင့် ဂွါဒီယိုလာက ဒီဘရိုင်းနားအား စပါယ်ရှယ်ကစားသမား၊ ဂန္ထဝင်ကစားသမား ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

သို့သော် ဆပ်တန်က ဒီဘရိုင်းနားသည် ပရီးမီးယားလိဂ်သမိုင်းတွင် အကောင်းဆုံးကွင်းလယ်ကစားသမားမဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆပ်တန်က ပရီးမီးယားလိဂ်သမိုင်းတွင် အကောင်းဆုံးကွင်းလယ်ကစားသမား (၅) ဦးကို ရွေးချယ်ခဲ့ရာ ဒီဘရိုင်းနားသည် အဆင့် (၃) နေရာတွင်သာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ဆပ်တန်က "အဆင့် (၅) က ဗီယာရာပါ။ အဆင့် (၄) ကတော့ လမ်းပတ်ပါ။ ဒီဘရိုင်နားကိုတော့ အဆင့် (၃) မှာ ထားချင်ပါတယ်။ သူက နောက်မှာ မျက်စိပါသလိုပါပဲ။ အဆင့် (၂)မှာတော့ ရွိုင်ကင်းပါ။ ကျွန်တော့်အတွက် နံပါတ် (၁)က ပေါလ်စခိုးလ်ပါ။ သူက ဒီဘရိုင်းနားလိုပဲ စွမ်းရည်ရှိသူပါ။ သတိလည်း အရမ်းကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent