■ အစ္စရေးဓားစာခံများကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့် အစ္စရေးဘောလုံးသမား တူရကီကလပ်မှ ထုတ်ပယ်ခံရ

■ အစ္စရေးဓားစာခံများကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့် အစ္စရေးဘောလုံးသမား တူရကီကလပ်မှ ထုတ်ပယ်ခံရ
Photo: Reuters
Photo: Reuters
Published 17 January 2024

တူရကီကလပ် အန်တယ်ယာစပေါ်အသင်းတွင်ကစားနေသည့် အစ္စရေးဘောလုံးသမား ဆာဂျီဂျယ်ဟက်ဇ်ကယ်သည် ဟားမာ့စ်တို့ ဖမ်းဆီးထိန်းသိမ်းထားသည့် အစ္စရေးဓားစာခံများအား ပြန်လွှတ်ပေးရန် တောင်းဆိုမှုကြောင့် ကလပ်မှ ထုတ်ပယ်ခံရကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဂျယ်ဟက်ဇ်ကယ်သည် ဇန်နဝါရီ ၁၄ ရက်က တူရကီစူပါလိဂ်တွင် အသင်းအတွက် ချေပဂိုးသွင်းယူပြီးနောက် လက်၌စည်းထားသည့် ပတ်တီးပေါ်တွင် ''100 days, 7/10''ဟု ရေးသားကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်၌ ဟားမာ့စ်တို့က စတင်တိုက်ခိုက်ခဲ့မှုတွင် ပြည်သူအများစုအပါအဝင် အစ္စရေးနိုင်ငံသား ၁၂၀၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၂၄၀ ဦးအနက် ၁၃၂ ဦးကို ဆက်လက်ထိန်းသိမ်းထားလျက်ရှိသည်။

ဇန်နဝါရီ ၁၄ ရက်သည် အစ္စရေးတောင်ပိုင်း၌ ဟားမာ့စ်တို့၏ စတင်တိုက်ခိုက်မှု ရက် ၁၀၀ ပြည့်မြောက်သည့်နေ့လည်း ဖြစ်သည်။

ယင်းနောက်တွင် ဂျယ်ဟက်ဇ်ကယ်အနေဖြင့် လှုံ့ဆော်မှုစွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အစ္စရေးသို့ ပြန်သွားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent