၂၀၂၁ ခုနှစ် Ballon d'Or ဆုကို မက်ဆီ ရရှိရန်အတွက် ပြင်သစ်ဘောလုံးမဂ္ဂဇင်းအပေါ် လွှမ်းမိုးမှုပြုလုပ်ရန် ကြိုးပမ်းမှုဖြင့် PSG အသင်း စုံစမ်းစစ်ဆေးခံရ

၂၀၂၁ ခုနှစ် Ballon d'Or ဆုကို မက်ဆီ ရရှိရန်အတွက် ပြင်သစ်ဘောလုံးမဂ္ဂဇင်းအပေါ် လွှမ်းမိုးမှုပြုလုပ်ရန် ကြိုးပမ်းမှုဖြင့် PSG အသင်း စုံစမ်းစစ်ဆေးခံရ
Photo: Getty Images
Photo: Getty Images
Published 10 January 2024

 

PSG အသင်းအနေဖြင့် ၂၀၂၁ ခုနှစ် Ballon d'Or ဆုကို မက်ဆီ ရရှိစေရန်အတွက် ပြင်သစ်ဘောလုံးမဂ္ဂဇင်းအပေါ် လွှမ်းမိုးမှုပြုလုပ်ရန် ကြိုးပမ်းမှုဖြင့် စုံစမ်းစစ်ဆေးခံနေရကြောင်း သိရသည်။

ပြင်သစ်နိုင်ငံထုတ် Le Monde သတင်းစာနှင့် စုံစမ်းဖော်ထုတ်ရေးသားမှုများပြုလုပ်သည့် Mediapart အွန်လိုင်းသတင်းစာတို့၏ ဖော်ပြမှုအရ PSG အသင်းအနေဖြင့် ပြင်သစ်ကလပ်၌ မက်ဆီ ပါဝင်ကစားနေစဉ်ကာလအတွင်း Ballon d'Or ဆု ဆွတ်ခူးရရှိစေရန်အတွက် ထိုစဉ်က ပြင်သစ်ဘောလုံးမဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သူ ပါစကယ်လ်ဖဲကို ချဉ်းကပ်ခဲ့ကြောင်း သိရသည်။ 

ပါစကယ်လ်ဖဲကမူ ၂၀၂၁ Ballon d'Or ဆုကို မက်ဆီ ရရှိခြင်းမှာ ၎င်း၏ မျက်နှာသာပေးမှု ပါဝင်ခြင်းမရှိကြောင်းနှင့် ယင်းနှစ်အတွက် လီဝန်ဒေါစကီးကို မဲပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း မက်ဆီမှာ အပြီးသတ်သုံးဦးစာရင်းမှာပင် ပါဝင်ခြင်းမရှိကြောင်း တုံ့ပြန်ဖြေရှင်းထားသည်။ 

မက်ဆီသည် ယခုနှစ်အပါအဝင် Ballon d'Or ဆုကို စံချိန်တင်(၈)ကြိမ်မြောက် ရရှိထားသူဖြစ်သည်။

 

Most Read

Most Recent