အင်တာမီလန် - ဗီရိုနာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၆ ရက် ည ၆:၀၀ နာရီ)
အင်တာမီလန်က နိုင်ပွဲဆက်နေရာကနေ နောက်ဆုံးပွဲမှာ ဂျီနိုအာကို သရေကျခဲ့တယ်။ အနီးဆုံးပြိုင်ဘက် ဂျူဗင်တပ်စ်နဲ့ ရမှတ်ကွာဟမှု ကျဉ်းမြောင်းခဲ့တာကြောင့်လည်း ဒီပွဲမှာ အင်တာမီလန်အသင်း ပိုမိုအားထုတ်ဖို့ ရှိနေတယ်။ ဗီရိုနာကတော့ အားနည်းချက်တွေများပြီး တိုက်စစ်ကလည်း နောက်ဆုံး (၃)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့တယ်။ အိမ်ကွင်းမှာ အင်တာမီလန်အသင်း ဂိုးပြတ်ပေါက်ကွဲလိမ့်မယ်။
ဖရိုဆီနိုနီ - မွန်ဇာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၆ ရက် ည ၈:၃၀ နာရီ)
ဒီနှစ်သင်းတွေ့ဆုံတဲ့ နောက်ဆုံး (၄)ကြိမ်မှာ (၂)သင်း ပေါင်းသွင်းဂိုးက (၄)ဂိုးနဲ့အထက် ရှိခဲ့တယ်။ ဖရိုဆီနိုနီက ရာသီအစကလို ပုံစံကောင်းမရှိတော့ဘူး။ မွန်ဇာနဲ့ဂိုးအများကို ရွေးချင်တယ်။
လက်ချီ - ကာဂလီယာရီ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၆ ရက် ည ၁၁:၃၀ နာရီ)
လက်ချီက နောက်ဆုံး (၂)ပွဲဆက် ရှုံးခဲ့တယ်ဆိုပေမဲ့ အင်တာမီလန်၊ အတ္တလန်တာတို့လို အသင်းတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်။ ကာဂလီယာရီက ကစားပုံတက်လာပေမဲ့ လက်ချီကို ကြိုက်တယ်။
ဆာဆူအိုလို - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဇန်နဝါရီ ၇ ရက် နံနက် ၂:၁၅ နာရီ)
ဆာဆူအိုလိုဆီမှာ စိတ်ပျက်စရာကစားပုံပဲတွေ့ရပြီး စီးရီးအေနောက်ဆုံး (၁၂)ပွဲမှာ (၁)ပွဲပဲ နိုင်ခဲ့တယ်။ ဖီအိုရင်တီးနားက ခံစစ်မာကျောပြီး နိုင်ပွဲတွေလည်း တောက်လျှောက်ရယူနေတယ်။ ဖီအိုရင်တီးနားနိုင်ပွဲဆက်ဦးမယ်။















