ဆော်ဒီလိဂ်မှာ ဘန်ဇီမာ မပျော်တော့ဘူးလား

ဆော်ဒီလိဂ်မှာ ဘန်ဇီမာ မပျော်တော့ဘူးလား
Photo : Getty Images
Photo : Getty Images
Published 4 January 2024
AK

ဆော်ဒီလိဂ်မှာ ဘန်ဇီမာ ဘာတွေခံစားနေရပြီလဲ။ မပျော်ရွှင်ခြင်းအသံထွက်တွေ ဘန်ဇီမာဆီကနေ ကြားလာရတယ်။ ဆော်ဒီလိဂ်မှာ ပရိသတ်ရင်းနှီးပြီးသား ကြယ်ပွင့်တွေ ပိုများလာပြီ။ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းလိဂ်ငါးခုထဲ ပါချင်တဲ့ ရည်မှန်းချက်ဟာ ဆော်ဒီတွေအတွက် စိတ်ကူးသက်သက် မဟုတ်တော့သလိုပဲ။ တစ်ချိန်တည်းမှာပဲ ဒုတိယတရုတ်စူပါလိဂ် ဖြစ်လာမလားဆိုပြီး သံသယဝင်ခံနေရပြီ။ တရုတ်စူပါလိဂ်က ဥရောပ အခြေစိုက်ကြယ်ပွင့်တွေကို စံချိန်တင်လစာပေးပြီး မြူဆွယ်တယ်။ လိဂ်ပြိုင်ပွဲအရှိန်အဝါကို မြှင့်တင်ပေမယ့် အခြေခံအုတ်မြစ်မကောင်းသလို ဘဏ္ဍာရေးခိုင်မာမှုမရှိလို့ ခပ်လွယ်လွယ်ကျရှုံးသွားတယ်။

 

Most Read

Most Recent