■ စူပါလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုကြောင်း စီးရီးအေကလပ်များ ကတိပြုရမည်     

■ စူပါလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုကြောင်း စီးရီးအေကလပ်များ ကတိပြုရမည်     
Photo: Getty Images
Photo: Getty Images
Published 29 December 2023

စီးရီးအေကလပ်အသင်းများသည် လာမည့် ၂၀၂၄-၂၅ ရာသီမတိုင်မီတွင် စူပါလိဂ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခြင်းပြုမည် မဟုတ်ကြောင်း ကတိပြုလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။ 

စူပါလိဂ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိထားပြီဖြစ်ပြီး စီးရီးအေကလပ် နာပိုလီအသင်း ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

ထို့ကြောင့်  စီးရီးအေတာဝန်ရှိသူများက ရာသီသစ်မစမီ ကတိပြုလက်မှတ်ရေးထိုးသည့်အသင်းများကိုသာ စီးရီးအေတွင် ယှဉ်ပြိုင်ခွင့်ပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

စီးရီးအေကလပ်အသင်းများအနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) နှင့် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) တို့မှ ကျင်းပသည့်ပြိုင်ပွဲများကိုသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကတိပြုရမည်ဖြစ်သည်။

Most Read

Most Recent