အိုးလ်ထရက်ဖို့ဒ် ဆိုပေမဲ့ ဘိုင်ယန်ကို နိုင်မတဲ့လား

အိုးလ်ထရက်ဖို့ဒ် ဆိုပေမဲ့ ဘိုင်ယန်ကို နိုင်မတဲ့လား
Photos: AFP
Photos: AFP
Published 11 December 2023
Wai Yan Aung

ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ နောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ လောလောဆယ် အသင်း(၁၂)သင်း နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီဖြစ်တာကြောင့် လက်ကျန်(၄)နေရာအတွက်သာ နောက်ဆုံးပွဲစဉ်မှာ အဖြေရှာရတော့မှာပါ။ ဒီအတွက် မျှော်လင့်ချက်မရှိတော့တဲ့ အသင်းကလည်း (၁၀)သင်းရှိတာကြောင့် လက်ကျန်(၄)နေရာကို အသင်း(၁၀)သင်းသာ အပြိုင်လုရတော့မှာပါ။ ဒီအသင်းတွေက ကိုပင်ဟေဂင်၊ ဂါလာတာစာရေး၊ မန်ယူ၊ နာပိုလီ၊ ဘရာဂါ၊ PSG၊ နယူးကာဆယ်၊ အေစီမီလန်၊ ပေါ်တို၊ ရှက်တာဒိုးနက်တို့ဖြစ်ပါတယ်။ အုပ်စု(၈)ခုရှိတဲ့အနက် တစ်ဝက်အဖြေထွက်သွားခဲ့ပြီဖြစ်ပြီး (၄)အုပ်စုသာ အဖြေရှာရတော့မှာပါ။ စိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့ နောက်တစ်ဆင့်တက်ခွင့် တစ်နေရာစာကို (၃)သင်းစီ အပြိုင်လုကြရမယ့် အုပ်စု(A)နဲ့ အုပ်စု(F)တို့ပါပဲ။ PSG၊ ဒေါ့မွန်၊ နယူးကာဆယ်နဲ့ အေစီမီလန်တို့ရဲ့ မရဏအုပ်စုက ကြိုတင်မှန်းဆခဲ့တဲ့အတိုင်း ဖြစ်လာခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ ဂါလာတာစာရေးနဲ့ ကိုပင်ဟေဂင်တို့ပါဝင်တဲ့ အုပ်စုကတော့ မန်ယူအသင်း ခြေချော်မှားယွင်းခဲ့တာကြောင့် အခုလိုအခြေအနေ ရောက်ရှိခဲ့တာပါ။ ဒါ့အပြင် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်အနည်းဆုံးလည်းဖြစ်နေတဲ့ မန်ယူအသင်းကို ကံကြမ္မာက ဘယ်လောက်အထိ ဖေးမပေးမလဲဆိုတာက နောက်ဆုံးပွဲစဉ်မှာ စောင့်ကြည့်ချင်စရာအကောင်းဆုံးအကြောင်းအရာတစ်ခုလည်းဖြစ်နေပါတယ်။

 

Most Read

Most Recent