နိုင်ငံတကာပွဲတွေအပြီးမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစရာ ဥရောပကလပ်အသင်း ပွဲစဉ်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ လာမယ့် ၂၀၂၄ မတ်လ ကုန်ပိုင်းမဆိုင်ခင်အထိ ပြိုင်ပွဲအစုံအလင်ကို ပွဲဆက်၊ ပွဲကျပ်တွေနဲ့ မရပ်မနားဆက် တိုက်ဆင်နွှဲရတော့မယ့် ကလပ်အသင်းတွေအတွက် ရာသီတစ်ခုရဲ့ အရှိန်အဟုန် အမြင့်ဆုံးအပိုင်းအခြားကို ရောက်ရှိနေချိန်လို့ဆိုရမှာဖြစ်ပြီး ရာသီကုန်မျှော်လင့်ချက်တွေ၊ အိပ်မက်ပန်းတိုင်တွေအတွက် အဆုံးအဖြတ်ပေးမယ့် ကာလအပိုင်းအခြားလည်း ဖြစ်ပါတယ်။ ကလပ်အသင်းကိုယ်စီရဲ့ မတူညီတဲ့ပစ်မှတ်တွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာတွေအကြား ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားတဲ့အသင်းတစ်သင်းကတော့ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းပါပဲ။ ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ ဖလားလက်မဲ့နဲ့ ဇာတ်သိမ်းပြီး (၂၁)ရာစု အတွင်း ဒုတိယအကြိမ်မြောက် ဥရောပဝင်ခွင့်နဲ့ လွဲချော်တဲ့အထိ ကျရှုံးခဲ့ရတဲ့ ချယ်လ်ဆီးဟာ ဒီရာသီအစပိုင်းကာလမှာလည်း မတည်ငြိမ်မှုတွေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာပါ။
■ ဘာတွေလုပ်ပြနိုင်ဦးမလဲ အပြာရောင်လန်ဒန်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















