ငါးစျေးကျဆင်းမှု၊ လောင်စာဆီစျေးနှုန်း နှင့် ငွေလဲနှုန်းများကြောင့် တနင်္သာရီတိုင်းဒေ သကြီးအတွင်း ငါးဖမ်းလုပ်ငန်းများ ရပ်ဆိုင်း ရတော့မည့်အနေအထားဖြစ်လာနေကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီး ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ငါးဖမ်းလှေ များနှင့် ငါးသယ်လှေများမှာ အခက်အခဲဆုံး ကာလကိုဖြတ်ကျော်နေရပြီး ရေရှည်တောင့် ခံရန်မလွယ်တော့သည့်အနေထားဖြစ်လာ နေကြောင်း သိရသည်။
ပင်လယ်ပြင်တွင် ငါးရရှိမှုလွန်စွာနည်း ပါးသွားခြင်း၊ ထိုင်းနိုင်ငံရှိ ငါးစျေးကွက်တွင် ငါးစျေးအလွန်အမင်းကျဆင်းနေခြင်း၊ ငါးဖမ်း လှေအထွက်စရိတ်ကြီးမြင့်သွားခြင်း၊ ငွေလဲ နှုန်းများကြောင့် ငါးဖမ်းလှေအများအပြား ဆိပ် ကမ်းတွင် ရပ်ဆိုင်းနေကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီရက်ပိုင်းမှာပဲ ငါးဖမ်း လှေတွေ ပင်လယ်ပြင်ထဲက ပြန်ဝင်လာတယ်။ ရေလုပ်ငန်းဆက်လုပ်ဖို့ အခြေအနေမပေး တော့တာကြောင့် ဆိပ်ကမ်းမှာ ဒီအတိုင်းကပ် ထားလိုက်ပါပြီ။ ငါးဖမ်းပြန်ထွက်ဖို့ အစီအစဉ် မရှိတော့ပါဘူး။ အဓိက ထိခိုက်နေတာက ကမ်း ဝေးလှေကြီးအားလုံးပါ။ ၀ါတန်း (၀ိုင်းချုပ်)လှေတွေဆိုရင် ပိုပြီးအထိနာတယ်။ လှေသား တွေလည်းများတယ်။ ရေပေါ်ရေလယ်ငါးဖမ်း နည်းဖြစ်တဲ့အတွက် ငါးတွေမရတော့တဲ့အနေထားကြုံနေရတယ်။ ၀ါတန်းငါးတွေဆိုရင် ထိုင်းစျေးကွက်က လက်မခံဘူး။ သူတို့ဆီမှာ တောင် ဂိုဒေါင်တွေထဲပြည့်နေတယ်။ လာမ ရောင်းနဲ့တော့လို့ အပြောခံနေရတယ်။ ငါးစျေး ကွက်တစ်ခုလုံး ကမောက်ကမဖြစ်နေတာ။ ငွေလဲနှုန်းကလည်း ၅၀ ရာခိုင်နှုန်းစီသတ်မှတ် ထားတော့ ထပ်ရှုံးကြပြန်တယ်” ဟု ကမ်းဝေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံက ငါးစျေးထိုးချပစ်လိုက်သည့် အပြင် ငါးတင်ပို့မှုမှရရှိငွေအား ၅၀ ရာခိုင်နှုန်း ကိုသတ်မှတ်ပေါက်စျေးဖြင့် လဲလှယ်ပေးရ ခြင်း၊ ကျန်သည့် ၅၀ ရာခိုင်နှုန်းကို တစ်လအ တွင်း အသုံးပြရခြင်းများက လုပ်ငန်းရပ်ဆိုင်း သွားရန်တွန်းအားတစ်ခုဖြစ်နေကြောင်း သိ ရသည်။
“ကမ်းဝေးလှေကြီးတွေအားလုံး ထိတယ်။ အစင်း ၂၀ ရှိတဲ့အုပ်စုတွေ၊ ၁၀ စင်းရှိတဲ့ အုပ် စုတွေ ကမ်းထိုးရပ်နေကြတာတွေ့ရတယ်။ တစ်စင်းနှစ်စင်းပိုင်တဲ့သူတွေဆို လုံးဝရပ်လိုက် ကြပြီ။ သံခွံဝါလတ်ကြီးတွေကတော့ ရခိုင်ရေ ပြင်မှာ အနည်းငယ်လုပ်သာကိုင်သာရှိတယ် လို့ကြားရတယ်။ တနင်္သာရီရေပြင်မှာတော့ စျေးကွက်လည်းကျဆင်း၊ အထွက်စရိတ်လည်း များ၊ ငွေလဲနှုန်းတွေကလည်း ဒုက္ခပေးတော့ ဒီအတိုင်းရပ်ထားရတော့မယ်” မြိတ်မြို့မှလုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။
လောင်စာဆီစျေးမှာ တစ်ပီပါလျှင် ကျပ် ၆၆၀၀၀၀ ကျော်ရှိပြီး ငါးပုံးတစ်ပုံးလျှင် ကျပ် ၆၅၀၀၀ မှ ၇၅၀၀၀ ကြားသာ စျေးရှိတော့ ကြောင်းသိရသည်။
“ကျွန်တော်တို့ ကင်းမွန်လုပ်ငန်းတွေ လည်း အထိနာနေပြီ။ အရင်နှစ်က ရာသီဖွင့် စမှာ ကင်းမွန်တစ်ပန်းကို သုံးသိန်းငါးသောင်း စျေးရှိတယ်။ ဒီနှစ်ရာသီမှာ နှစ်သိန်းလောက် နဲ့ စျေးစဖွင့်လာပြီး အခုဆိုရင် ၁၅၀၀၀၀ က ၁၇၀၀၀၀ ကြားပဲကျန်တော့တယ်။ ထက်ဝက် ကို စျေးကျသွားတယ်။ ဒီတစ်ခေါက်လှေပြန် ဝင်လာရင်တော့ ပင်လယ်ပြင်ကို ထပ်ထွက်ဖို့ မရှိတော့ဘူး။ ဒီအတိုင်းပဲ ကမ်းထိုးထားလိုက် တော့မယ်။ ရေလုပ်သားတွေလည်း အလုပ်လက် မဲ့ဖြစ်တော့မယ်။ ထိုင်းကို ရေလမ်းခရီးကနေ တင်ပို့လည်း တွက်ခြေမကိုက်တော့သလို ကုန်း လမ်းခရီးကနေ တင်ပို့ရင်လည်း ကျပ်ခြောက် သိန်းကနေ ကိုးသိန်းအထိ ထပ်မံကုန်ကျတာ တွေရှိသေးတယ်။ ပါကေးငါးတွေလည်း တစ် ကီလိုကို ကျပ် ၅၀၀ တောင်မပေးချင်တော့ ဘယ်လိုလုပ်စားလို့ရတော့မလဲ။ ငွေလှဲုန်းအရ လည်း ထပ်ထိပြန်တော့ ဒီအတိုင်းနားနေလိုက် ရတော့မယ်” ဟု မြိတ်ခရိုင်ကင်းမွန်လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
ကမ်းဝေးလှေကြီးတစ်စင်း အထွက်စရိတ် မှာ ဘတ် ၁၃ သန်း ( မြန်မာငွေ ကျပ်သိန်း ၁၂၀၀ ကျော်)ရှိနေပြီး ငါးဖမ်းရရှိငွေ ဘတ် ၁၈ သန်း (မြန်မာငွေ ကျပ်သိန်း ၁၇၀၀ ခန့်) ရရှိလျှင်ပင် လက်ရှိစရိတ်များအရ အရှုံးပေါ် နေကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်း ဝေးငါးဖမ်းလှေကြီးအစင်း ၁၅၀၀ ခန့်ရှိနေ ပြီး ရေလုပ်ငန်းကဏ္ဍထိခိုက်သွားပါက ကျန် သည့်စီးပွားရေးလုပ်ငန်းများပါ လိုက်ပါထိ ခိုက်လာနိုင်ကြောင်း ဒေသခံများက ပြော ကြားလျက်ရှိသည်။
ဇော်မိုးဦး (မြိတ်)















