စက်သုံးဆီစျေးနှုန်းများ လေးလဝန်းကျင်ကာလအတွင်း ၁၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ မြင့်တက်နေရခြင်းမှာ ဒေါ်လာစျေးနှင့် နိုင်ငံခြားဆီစျေးနှုန်းများအပေါ် မူတည်၍ တွက်ချက်နေရခြင်းကြောင့်ဖြစ်ပြီး စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်း အပြိုင်အဆိုင် စျေးနှုန်းများ လျှော့ချရောင်းချနေခြင်းကြောင့်တစ်နှစ်တာတွင် ရှုံးသည့်ရက် ပိုများနေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းက စက်တင်ဘာ ၂၈ ရက်တွင် UMFCCI ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ လက်ရှိစက်သုံးဆီစျေးနှုန်းများ မြင့်တက်နေရခြင်းအကြောင်းကို ရှင်းလင်းခဲ့ သည်။















