ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Mr.Sajjad Monhammad Sajjid တို့ နိုဝင်ဘာ ၉ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုအပ်နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေးနည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ UNOCHA ရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms.Danielle Parry တို့တက်ရောက်ခဲ့ကြောင်း သိရသည်။