အခွန်ထမ်းဆောင်ထားသူများအနေဖြင့် အိမ်၊ ခြံ၊ မြေ၊ ကားဝယ်ယူခြင်း၊ တည်ဆောက်ရာတွင် တစ်နှစ်ဝင်ငွေမှ ဝင်ငွေခွန် ဆောင်ထားသည့်ငွေနုတ်ပြီး ကျန်စုဆောင်းနိုင်ငွေထက် ကျော်လွန် အသုံးပြုသည့် ငွေ ပမာဏအတွက်သာ အခွန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း စီမံ၊ ဘဏ္ဍာ ဒုဝန်ကြီး လွှတ်တော်

အခွန်ထမ်းဆောင်ထားသူများအနေဖြင့် အိမ်၊ ခြံ၊ မြေ၊ ကားဝယ်ယူခြင်း၊ တည်ဆောက်ရာတွင် တစ်နှစ်ဝင်ငွေမှ ဝင်ငွေခွန် ဆောင်ထားသည့်ငွေနုတ်ပြီး ကျန်စုဆောင်းနိုင်ငွေထက် ကျော်လွန် အသုံးပြုသည့် ငွေ ပမာဏအတွက်သာ အခွန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း စီမံ၊ ဘဏ္ဍာ ဒုဝန်ကြီး လွှတ်တော်
Published 10 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အခွန်ထမ်းဆောင်ထားသူများအနေဖြင့် အိမ်၊ ခြံ၊ မြေ၊ ကားဝယ်ယူခြင်း၊ တည်ဆောက်ရာတွင် တစ်နှစ်ဝင်ငွေမှ ဝင်ငွေခွန် ဆောင်ထားသည့်ငွေနုတ်ပြီး  ကျန်စုဆောင်းနိုင်ငွေထက် ကျော်လွန် အသုံးပြုသည့် ငွေ ပမာဏအတွက်သာအခွန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း စီမံ၊ ဘဏ္ဍာ ဒုဝန်ကြီး လွှတ်တော်၌ ရှင်းလင်း
 
အခွန်ထမ်းဆောင်ထားသူများအနေဖြင့် အိမ်၊ ခြံ၊ မြေ၊ ကားဝယ်ယူခြင်း၊ တည်ဆောက်ရာတွင် တစ်နှစ်ဝင်ငွေမှ ဝင်ငွေခွန်ဆောင်ထားသည့် ငွေနုတ်ပြီး ကျန်စုဆောင်းနိုင်ငွေထက် ကျော်လွန်အသုံးပြုသည့် ငွေပမာဏအတွက်သာ အခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စက်တင်ဘာ ၇ ရက်က ပြည်သူ့လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝင်ငွေခွန် စည်းကြပ်ရာတွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရဖြစ်စေ၊ အထူးကုမ္ပဏီ အက်ဥပဒေအရဖြစ်စေ ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီများသည် ဥပဒေအရ သက်သာခွင့်များ မနုတ်မီ အသားတင် အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရပြီး တစ်ဦးချင်း ပုဂ္ဂိုလ်များသည် သက်သာခွင့်များနုတ်ပြီး ကျန်ဝင်ငွေအပေါ် အလွှာလိုက် အခွန်နှုန်းများဖြင့် ပေးဆောင်ရကြောင်း၊ ဝင်ငွေခွန် ပေးဆောင်ထိုက်သည့် ဝင်ငွေရရှိသူများကို လစာဝင်ငွေ၊ အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းမှဝင်ငွေ၊ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေ၊ ပစ္စည်းမှဝင်ငွေ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေ၊ စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေနှင့် အခြားရလမ်းမှဝင်ငွေ စသည့်ခေါင်းစဉ်များဖြင့် စည်းကြပ် ကောက်ခံလျက်ရှိကြောင်း ပြောကြားသည်။လစာဝင်ငွေတွင် ရရှိသည့် လစာဝင်ငွေ စုစုပေါင်းမှ သက်သာခွင့်များ နုတ်ပယ်၍ အခွန်တွက်ချက်ခြင်းဖြစ်ရာ အဆိုပါလစာဝင်ငွေ စုစုပေါင်းမှ ထမ်းဆောင်ခဲ့သည့်အခွန်ကို နုတ်ပယ်ပြီး ကျန်ငွေမှာ စုဆောင်းနိုင်ငွေ ဖြစ်ကြောင်း ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားသည်။“ဥပမာ အိမ်ထောင်ဖက်ရှိပြီး ပညာသင်ကြားဆဲ သားသမီးနှစ်ဦးရှိသည့် နိုင်ငံ့ဝန်ထမ်း ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူ တစ်ဦးအနေဖြင့် တစ်လလျှင် လစာကျပ်ငါးသိန်းကျပ် ရရှိသည့်အတွက် တစ်နှစ်စုစုပေါင်း ဝင်ငွေမှာ ကျပ်သိန်း ၆၀ ဖြစ်ပါတယ်။ စုစုပေါင်းဝင်ငွေထဲမှ အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း ၁၂ သိန်း၊ အိမ်ထောင်ဖက်အတွက် သက်သာခွင့် ၁၀ သိန်း၊ သားသမီးတစ်ဦးလျှင် ငါးသိန်းစီနှင့် သားသမီးနှစ်ဦးအတွက် သက်သာခွင့် ၁၀ သိန်း၊ စုစုပေါင်း သက်သာခွင့် ၃၂ သိန်းရရှိသည့်အတွက် အခွန်စည်းကြပ်ရန် ဝင်ငွေမှာ ၂၈သိန်းဖြစ်ပါတယ်။ အဆိုပါအခွန်စည်းကြပ်ရန် ဝင်ငွေ ၂၈ သိန်းအတွက် သတ်မှတ်အခွန်နှုန်းအရ ကျသင့်အခွန် လေးသောင်းကျပ် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ သို့ဖြစ်ရာ ညွှန်ကြားရေးမှူးချုပ်၏ တစ်နှစ်စုစုပေါင်းဝင်ငွေ ကျပ်သိန်း ၆၀ မှ ကျသင့်အခွန် ၄၀၀၀၀ ကျပ်ကို နုတ်ပယ်ပြီး ကျန်ငွေ ၅၉ ဒသမ ၆ သိန်းသည် စုဆောင်းနိုင်ငွေ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြားသည်။မိမိကျွမ်းကျင်သည့် ပညာရပ်ဖြင့် အခကြေးငွေယူ၍ လုပ်ကိုင်သော ဆရာဝန်၊ သူနာပြု၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ အနုပညာသည်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင် စသည်တို့သည် 'အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းမှ ဝင်ငွေ' ခေါင်းစဉ်ဖြင့် အခွန် ထမ်းဆောင်ရမည် ဖြစ်ကာ ရရှိသည့်ဝင်ငွေများမှ ဝင်ငွေရရှိရန် အသုံးပြုခဲ့သော ကုန်ကျစရိတ်များ နုတ်ပယ်၍ သတ်မှတ်ဝင်ငွေ သတ်မှတ်ကြောင်း၊ အဆိုပါသတ်မှတ်ဝင်ငွေမှ သက်သာခွင့်များကို နုတ်ပယ်၍ ကျန်ငွေအပေါ် ကျသင့်အခွန် တွက်ချက်ခြင်းဖြစ်ရာ အဆိုပါ သတ်မှတ်ဝင်ငွေမှ  ထမ်းဆောင်ခဲ့သည့်အခွန်ကိုနုတ်ပယ်ပြီး ကျန်ငွေမှာ စုဆောင်းနိုင်ငွေဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း တစ်ခုခုကို လုပ်ကိုင်၍ ဝင်ငွေရရှိသောသူများသည် 'စီးပွားရေး လုပ်ငန်းဝင်ငွေ' ခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ကာ ရရှိသည့်ဝင်ငွေများမှ  ဝင်ငွေရရှိရန်အသုံးပြုခဲ့သော ကုန်ကျစရိတ်များနုတ်ပယ်၍ သတ်မှတ်ဝင်ငွေ တွက်ချက်ကြောင်း၊ အဆိုပါ သတ်မှတ်ဝင်ငွေမှ သက်သာခွင့်များကို နုတ်ပယ်၍ ကျန်ငွေအပေါ်တွင် ကျသင့်အခွန်ကို တွက်ချက်ခြင်းဖြစ်ရာ အဆိုပါ သတ်မှတ်ဝင်ငွေမှ  ထမ်းဆောင်ခဲ့သည့်အခွန်ကို နုတ်ပယ်ပြီး ကျန်ငွေသည် စုဆောင်းနိုင်ငွေဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြားသည်။ထို့အတူ မြေငှားရမ်းခြင်း၊ အဆောက်အအုံ ငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်း စသည်တို့မှ ရရှိသောဝင်ငွေများသည် 'ပစ္စည်းမှ ဝင်ငွေ' ခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ကာ ထိုဝင်ငွေတွင် သက်သာခွင့်များ နုတ်ပယ်၍ ကျန်ငွေအပေါ်တွင် ကျသင့်ခွန် တွက်ချက်ခြင်းဖြစ်ရာ အဆိုပါဝင်ငွေမှ ထမ်းဆောင်ခဲ့သည့် အခွန်ကို နုတ်ပယ်ပြီး ကျန်ငွေသည် စုဆောင်းနိုင်ငွေဖြစ်ကြောင်း၊ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း၊ ယာဉ်၊ လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်းများ၊ အစုရှယ်ယာနှင့် ကတိဝန်ခံ ချုပ်ရောင်းချခြင်းမှ ရရှိသည့် ဝင်ငွေများသည် အခြေပစ္စည်းမှ မြတ်စွန်းငွေ ခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ကာ အဆိုပါအခြေပစ္စည်း သတ်မှတ်တန်ဖိုးမှ ထမ်းဆောင်ခဲ့သည့် အခွန်ကို နုတ်ပယ်ပြီး ကျန်ငွေသည် စုဆောင်းနိုင်ငွေဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။မည်သူမဆို မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအကျ မတင်ပြနိုင်ပါက စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။“အခွန်ထမ်းဆောင်ပြီးဖြစ်သည့် ဝင်ငွေရှိသူများ၊ ဝင်ငွေရှိသော်လည်း ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိထားသူများသည် အိမ်ခြံမြေဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ မော်တော်ယာဉ်ဝယ်ယူခြင်းများ ဆောင်ရွက်သည့်အခါ ၎င်းတို့အသုံးပြုသည့်ငွေသည် ၎င်းဝင်ငွေ တစ်နည်းအားဖြင့် စုဆောင်းနိုင်ငွေထဲမှဖြစ်လျှင် အခွန်ထမ်းဆောင်ရန် လိုအပ်မှာ မဟုတ်ပါ။ ၎င်းတို့စုဆောင်းနိုင်ငွေ ထက်ကျော်လွန်အသုံးပြုသည့် ငွေပမာဏအတွက်သာ အခွန် ထမ်းဆောင်ရမည်ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြားသည်။ထို့အတူ အခွန်ထမ်းပြည်သူများအနေဖြင့် စုဆောင်းနိုင်ငွေ မည်မျှရှိသည်ကို လွယ်ကူစွာ တွက်ချက်နိုင်ရန်နှင့် စိုးရိမ်ကြောင့်ကြကင်းစွာဖြင့် အခွန်ထမ်းဆောင်လိုစိတ် ပိုမိုလာစေရန်အတွက် ယခင်ဆောင်ရွက်ခဲ့သည့် နေထိုင်စားသောက်မှုစရိ တ်နုတ်ပယ်ခြင်းကို ပယ်ဖျက်ပြီး ဖြေလျှော့ဆောင်ရွက် ပေးထားကြောင်း ဒုဝန်ကြီးက ပြောကြားသည်။ထို့ပြင် ဝင်ငွေရလမ်း တင်ပြရာတွင်လည်း အထောက်အထားများနှင့် တင်ပြရမည်ဖြစ်သောကြောင့် အခွန်တောင်းခံလွှာ၊ ငွေသွင်းချလန်ဖြတ်ပိုင်းများကို စနစ်တကျ ထိန်းသိမ်းထားကြရန် လိုအပ်ကြောင်းနှင့် အခွန်ထမ်းဆောင်မှု မှတ်တမ်းစာအုပ်များကိုလည်း စနစ်တကျ သိမ်းဆည်းထားရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြားသည်။

Most Read

Most Recent