ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
Published 24 July 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး H.E Mr Boge Brende တို့သည် ဒေသစံတော်ချိန် ဇူလိုင် ၂၅ ရက် ညနေ ၅ နာရီ ၁၀ မိနစ်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ရှိ အမျိုးသား ကွန်ဗင်းရှင်းစင်တာ၌ တွေ့ဆုံခဲ့ပါသည်။ ၎င်းတို့ နှစ်ဦးသည် ၄၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီးသန့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။