ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံး အဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က နေပြည်တော်တွင် မေ ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်သည်။တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ အတွင်းရေးမှူးအဖြစ် မကွေးတိုင်းဒေသကြီး၊ နတ်မောက် မဲဆန္ဒနယ်မှ ဦးအောင်တင်လင်းကို တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး ကော်မတီ သက်တမ်းမှာ စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ် ဖြစ်သော်လည်း ကော်မတီ၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ်ပြည့်မြောက်သည့် အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်ပြီး လွှတ်တော် ဥက္ကဋ္ဌက လိုအပ်ပါက ကော်မတီဝင်များကို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်ကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်က တင်ပြသည်။အဆိုပါ ကော်မတီ၏ တာဝန်မှာ တရားစီရင်ရေးနှင့် ဥပဒေရေးရာ လုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှု ရှိစေရေးအတွက် ကူညီ ဆောင်ရွက်ရန်၊ ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံး အဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို နိုင်ငံသားတိုင်း ခံစားနိုင်ရေးအတွက် အားပေး ကူညီရန်၊ နိုင်ငံ ဝန်ထမ်းများ၏ အခွင့်အရေးများ မှန်ကန်စွာ ရရှိရေးအတွက် စိစစ်ကူညီ ဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာန အဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိပါက လွှတ်တော်သို့ တင်ပြရန်၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများက အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် တည်ဆဲ ဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာ ဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းသိမ်း ကူညီရန်၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာန အဖွဲ့အစည်းများနှင့် ဆက်စပ်လျက် ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာ စိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရန်တို့ ဖြစ်သည်။ထို့အပြင် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသည် ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိ နားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်း ဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြစေခြင်း ပြုလုပ်နိုင်သည်။
ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံး အဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကို ဖွဲ့စည်းမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ လွှတ်တော်သို့ တင်















