ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၊ ဆက်သွယ်ရေးနှင့် အိမ်ရာတည်ဆောက်မှု လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် အဓိကလုပ်ဆောင်နေ

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၊ ဆက်သွယ်ရေးနှင့် အိမ်ရာတည်ဆောက်မှု လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် အဓိကလုပ်ဆောင်နေ
Published 2 March 2016
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ကုန်ထုတ်လုပ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ ဆက်သွယ်ရေးကဏ္ဍနှင့် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် အဓိကထား လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။“ဒီနှစ်ထဲမှာ အဓိက Promote လုပ်တာကတော့ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိကထားပါတယ်။ နောက်ဆက်တိုက် ပါလာမှာက ဘာလဲဆိုတော့ တယ်လီကွန်းကဏ္ဍပါ။ တယ်လီကွန်းကဏ္ဍမှာလည်း အများကြီး ဝင်ရောက်လာဖို့ ရှိပါသေးတယ်။ တတိယကတော့ Real Estate ပေါ့။ အိမ်ရာတည်ဆောက်ရေး လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ အခြားဝန်ဆောင်မှု လုပ်ငန်းပေါ့။ အဲဒီကဏ္ဍလေးခုကို  လောလောဆယ် Target ထားပြီး ဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ၁၀ လ တာကာလအတွင်း မြန်မာနိုင်ငံတွင်းသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ ဝင်ရောက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍအတွင်း ယခုနှစ် ဇန်နဝါရီလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်အထိ ရှိနေပြီး ဇန်နဝါရီတစ်လအတွင်း ဒေါ်လာသန်း ၁၀၀ ကျော် ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။အဆိုပါပမာဏသည် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ဝင်ရောက်ခဲ့သည့် ပမာဏဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ် ဒီဇင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်သာ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း အိမ်ခြံမြေကဏ္ဍအတွင်းသို့ ဒေါ်လာ၂၆၂၂ ဒသမ ၇၇၁ သန်းအထိ ဝင်ရောက်လာခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလကုန်အထိ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ နီးပါး ဝင်ရောက်ထားကာ လျှပ်စစ်စွမ်းအားကဏ္ဍတွင် ဒေါ်လာ ၁၉ ဘီလျံကျော် ဝင်ရောက်ထားသည်။ ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂၂၇၀ ဒသမ ၈၀၀ အထိ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent