မော်လမြိုင်မြို့ စမ်းကြီးရပ်တွင် အသက်လေးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြု ကျင့်ရန် ကြိုးပမ်းအားထုတ်မှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်သည့် (၂၄) ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုရှေ့နေမှ ခရီးထွက်သွားသဖြင့် ဖေဖော်ဝါရီ ၂၅ ရက်သို့ ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။“ဒီနေ့ရုံးချိန်းမှာ တရားလိုရှေ့နေက မိတ္ထီလာတရားရုံးမှာ အမှုစစ်ဖို့ သွားတဲ့အတွက်ကို ကျွန်မကို အမှုမစစ်ဖြစ်ဘူး။ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက် ရုံးချိန်းကျမှပဲ အမှုစစ်ဖြစ်မယ်ထင်ပါတယ်” ဟု အဆိုပါ အမှုနှင့်ပတ်သက်ပြီး နောက်တိုး တရားလိုပြသက်သေဖြစ်သူ မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အသင်းမှ ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးက ပြောကြားသည်။“အမှုကို စစ်ဆေးပေးမယ့် ကျွန်တော်တို့ကို ကူညီပေးနေတဲ့ ရှေ့နေကြီးက ခရီးထွက်သွားလို့ ဒီနေ့မှာ ရုံးချိန်းပဲ ထပ်ပေးလိုက်တယ်။ နောက်ရုံးချိန်းကျမှပဲ ဆရာမဒေါ်ခင်သန်းထွေးကို စစ်ဖြစ်မယ်လို့ထင်ပါတယ်” ဟု အဆိုပါ လေးနှစ်အရွယ် မိန်းကလေး၏ အုပ်ထိန်းသူဖြစ်သူ ဦးငွေဘော်က ပြောကြားသည်။မော်လမြိုင်မြို့ဈေးကြိုရပ်ကွက် စမ်းကြီးရပ်နေ အသက်လေးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်မှု ပြစ်မှုကြီးအမှတ် ၃၁၄၇၊ ပြစ်မှုပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် မော်လမြိုင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသူ ဦးမျိုးမြင့်အသက် (၇၀) နှစ်အား ဇူလိုင်၂၉ ရက် ရုံးချိန်းတွင် ယခင်မော်လမြိုင်မြို့နယ် တရားသူကြီး ဦးသန်းအောင်က ပြစ်မှုကျင့်ထုံး ပုဒ်မ-၄၉၇ (၁) အရ အကျဉ်းထောင်ဆေးရုံ တာဝန်ခံဆရာဝန်ကြီး၏ ထောက်ခံချက်နှင့် ငွေကျပ်သိန်း ၅၀ တန် ခံဝန်နှစ်ဦးဖြင့် ပြင်ပတွင် လွတ်လပ်စွာ ဆေးဝါးကုသမှု ခံယူနိုင်ရေးအတွက် အချုပ်လွတ်ထုချေခွင့် အာမခံပေးခဲ့ကြောင်း၊ လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် (၂၅) ကြိမ်မြောက်ရုံးချိန်းအဖြစ် နောက်တိုး လိုပြသက်သေအဖြစ် ဒေါ်ခင်သန်းထွေးအား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့ စမ်းကြီးရပ်၌ လေးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်မှုနှင့် ပတ်သက်၍ (၂၄) ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုရှေ့နေခရီးထွက်သဖြင့် ထပ်မံရုံးချိန်း















