မြိတ်-တနင်္သာရီ အာရှလမ်းမကြီးရှိ ပသောင်းတံတား ပလက်ဖောင်းပေါ် လမ်းလျှောက်နေသူနှစ်ဦး ကားတိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မြိတ်-တနင်္သာရီ အာရှလမ်းမကြီးရှိ ပသောင်းတံတား ပလက်ဖောင်းပေါ် လမ်းလျှောက်နေသူနှစ်ဦး ကားတိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
Published 4 February 2016
ဇော်မိုးဦး (မြိတ်)

မြိတ်-တနင်္သာရီ အာရှလမ်းမကြီးရှိ ပသောင်းတံတား ပလက်ဖောင်းပေါ်တွင် ဖေဖော်ဝါရီ ၄ ရက် နံနက် ၆ နာရီခန့်က လုပ်ငန်းခွင်သို့ လမ်းလျောက်သွားနေသူနှစ်ဦးအား ကားဖြင့် ဝင်တိုက်မှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းရွာနှင့် ကြေးနန်းတိုင်ရွာကို ဆက်သွယ်ထားသော တံတားပေါ်ရှိ ပလက်ဖောင်းပေါ်တွင် ကြေးနန်းတိုင်ရွာနေ ဦးစိုးမောင်နှင့် ဦးတင်ဟုန်တို့ နှစ်ဦးမှာ အလုပ်သွားရန် လမ်းလျောက်နေစဉ် တနင်္သာရီမြို့နယ်ဘက်မှ မောင်းနှင်လာသည့်ကားမှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယာဉ်မောင်း ဦးဝဏ္ဍကျော် (၃၉) နှစ် မောင်းနှင်လာသော ISUZU အမျိုးအစား (1J- .......) ကားမှာ ပလက်ဖောင်းပေါ်မှ လူနှစ်ဦးအား ဝင်ရောက်တိုက်မိပြီး နောက်တံတားပေါင်ကို ထပ်မံဝင်တိုက်မိခဲ့ကြောင်း သိရသည်။ ယာဉ်မောင်းမှာ ကားမောင်းလာစဉ် အိပ်ငိုက်နေကြောင်း ယာဉ်တိုက်မှုကြောင့် ဦးစိုးမောင် (၃၅)နှစ်မှာ ဦးခေါင်းဒဏ်ရာ၊ ပေါင်ရိုးကျိုးသည့် ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားခဲ့ကာ ဦးတင်ဟုန်မှာ ဝဲဘက်ခြေသလုံး ကျိုးဒဏ်ရာများဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးထားရကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။မြိတ်ခရိုင်အတွင်းယဉ် မတော်တဆဖြစ်စဉ်များမှာ များပြားလာနေပြီး ၂၀၁၅ ခုနှစ်ကုန်အထိ ယဉ်တိုက်မှုပေါင်း တစ်ရာကျော် ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၂၅၀ ကျော်ရှိခဲ့ပြီး သေဆုံး သူ ၅၀ ခန့်ရှိခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent