ရွှေဝါရောင်အရေးအခင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်အား လဝက အက်ဥပဒေ ၁၃(၁) ဖြင့် မန္တလေးမြို့တွင် အမှုဖွင့်ဖမ်းဆီး

ရွှေဝါရောင်အရေးအခင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်အား လဝက အက်ဥပဒေ ၁၃(၁) ဖြင့် မန္တလေးမြို့တွင် အမှုဖွင့်ဖမ်းဆီး
Published 20 January 2016

ရွှေဝါရောင်အရေးအခင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဂမ္ဘီရ(ခေါ်) ဦးညီညီလွင်အား မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည်ဟုဆိုကာ လဝက အက်ဥပဒေ ၁၃(၁)ဖြင့် မန္တလေးမြို့ အမှတ်(၉) ရဲစခန်းတွင် ယနေ့ (ဇန်နဝါရီ ၂၀ရက်) က အမှုဖွင့် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်နှင့် ဇနီးဖြစ်သူ Mrs. Farnce Marie Linda တို့သည် ဇန်နဝါရီ ၁၉ ရက် ည ၁၂ နာရီခန့်က မိတ္ထီလာမြို့၊ ရတနာမာန်အောင် ရပ်ကွက်တွင် တည်းခိုနေရာမှ နယူးမြန်မာယာဉ်လိုင်းဖြင့် မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ လမ်း ၈၀နှင့် ၄၀ထောင့်ရှိ ပါဝါဟိုတယ်သို့ တည်းခိုးလျက်ရှိကြောင်း သတင်းရရှိသဖြင့် မြို့နယ်လဝကအဖွဲ့၊ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တို့မှ ဝင်ရောက်စစ်ဆးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးဂမ္ဘီရတို့ တည်းခိုနေထိုင်သော အခန်းသို့ စစ်ဆေးခဲ့ရာ ၎င်းနှင့်ဇနီးတို့သည် တာချီလိတ်မြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ခရီးသွားဗီဇာ C305030 ဖြင့် (သက်တမ်း ၁၅ - ၁ -၂၀၁၆ မှ ၁၂ - ၂ -၂၀၁၆) ထိ တည်းခိုနေထိုင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရပြီး ၁၆- ၁ - ၂၀၁၆ တွင် တာချီလိတ်မြို့၊ အမှတ်(၁) ချစ်ကြည်ရေး တံတားမှ မယ်ဆိုင်သို့ တရားမဝင် ဖြတ်ကူးခဲ့ခြင်းဖြစ်ကြောင်းနှင့် ၁၂ - ၁၁ - ၂၀၁၃ ၌ အမှတ်(၁) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်သို့ ထွက်ခွာပြီး ချင်းမိုင်မြို့၊ ဆီပူလင်းဆေးရုံတွင် ဆေးကုသ၍ မြန်မာနိုင်ငံသို့ ပြန်လာခြင်းမရှိဘဲ တရားမဝင်နေထိုင်ခဲ့ကြောင်း စသည်တို့ကို ကျူးလွန်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားပါသည်။

Most Read

Most Recent