မလေးရှား ဗီဇာဝန်ဆောင်ခ တိုးမြှင့်ကောက်ခံမှုအပေါ် ပြည်ပအလုပ်အကိုင် အေဂျင်စီများ ဆန္ဒထုတ်ဖော်မည်

မလေးရှား ဗီဇာဝန်ဆောင်ခ တိုးမြှင့်ကောက်ခံမှုအပေါ် ပြည်ပအလုပ်အကိုင် အေဂျင်စီများ ဆန္ဒထုတ်ဖော်မည်
Published 14 January 2016

မလေးရှားဗီဇာ ဝန်ဆောင်ခ တိုးမြှင့် ကောက်ခံမည်အပေါ် ကန့်ကွက်သည့်အနေဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများက  ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ  လေးရက်တိုင်တိုင် ရန်ကုန်မြို့ မလေးရှားသံရုံးအနီးရှိ OSC ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသော်လည်း တာမွေမြို့နယ်ရှိ၊ ဗိုလ်စိန်မှန်ကွင်း၌သာ လူအင်အား ၂၀၀ ဖြင့် ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ ရဲစခန်းမှ ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။
မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမား ဗီဇာဝန်ဆောင်ကြေးကို တစ်ဦးလျှင် ယခင်က အမေရိကန်ဒေါ်လာ ခြောက်ဒေါ်လာသာ ကောက်ခံခဲ့ရာ မှ ဇန်နဝါရီ  ၁ ၈ ရက်မှ  ၅၇ ဒေါ်လာ ပြောင်းလဲ ကောက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။
“အခု ဝန်ဆောင်ခ တိုးကောက်တာ  အခြားနိုင်ငံတွေမပါဘူး။ လောလောဆယ် မြန်မာပြည် တစ်ခုတည်းလုပ်နေတာ။ ဗီယက်နမ်ဆို ခုနစ်ဒေါ်လာပဲရှိတယ်။ အခုထိ မတိုးသေးဘူး။ လုပ်လို့ရလို့ လုပ်နေတာ။ တိုးမယ်ဆို အကုန်တိုးလေ။ ဗီဇာဝန်ဆောင်ခ ၅၇ ဒေါ်လာ ဖြစ်သွားတာ အလည်သွားမယ့်သူတွေအတွက် ပြဿနာ မဟုတ်ပေမယ့် အလုပ်သမားတွေ အတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်”ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီများ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ဆိုသည်။ မလေးရှားသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားတစ်ဦးလျှင် ဝန်ဆောင်ခအနေဖြင့် အေဂျင်စီများမှ အမေရိကန်ဒေါ်လာ ၈၅၀ နှင့် မြန်မာကျပ်ငွေ ၂၅၀၀၀ ကောက်ခံရန် သတ်မှတ်ထားသည်။

Most Read

Most Recent