၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နေပြည်တော်ရှိ လမ်းမီးများအတွက် ဓာတ်အားခ ကျပ်သန်း ၁၀၀၀ နီးပါး တောင်းခံထားရာ ထက်ဝက်ခန့် လျှော့ချပြီး ကျေးလက်မီးလင်းရေးအတွက် အထောက်အပံ့ ပေးသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆွေးနွေးသည်။ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအမှတ်စဉ် (၂) လမ်း/တံတား လုပ်ငန်းအတွက် ကျပ်သန်း ၁၀၉၇ ဒသမ ၈၁၇ လျာထား တင်ပြထားကြောင်း၊ လမ်းတံတား ပြင်/ထိန်း လုပ်ငန်းအတွက် ကျပ် ၁၃၆ ဒသမ ၀၆၇ သန်း၊ လမ်းမီးအတွက် လျှပ်စစ်ဓာတ်အားခ ကျပ် ၉၆၁ ဒသမ ၇၅၀ သန်း လျာထား တင်ပြထားကြောင်း၊ လမ်းမီးအတွက် ကျပ်သန်းတစ်ထောင်နီးပါး တင်ပြထားမှုသည် အမှန်တကယ် လိုအပ်ခြင်း ဟုတ်မဟုတ် စိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။နေပြည်တော်တွင် လျှပ်စစ်မီးတိုင် တစ်တိုင်နှင့် တစ်တိုင်ကြားသည် ၁၅ ကိုက်ခန့်သာ ကွာဝေးကြောင်း၊ လုံခြုံရေးအရ လိုအပ်သော နိုင်ငံပိုင် အဆောက်အအုံများ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လျှပ်စစ်မီးများ ထွန်းထားသည်မှာ မှန်ကန်ကြောင်း၊ သို့ရာတွင် လူနှင့်ယာဉ်များ သွားလာမှု နည်းပါးသည့် လမ်းမကြီးများတွင် မီးထွန်းထားသည်မှာ လိုအပ်ချက် ဟုတ်မဟုတ် စဉ်းစားသင့်ကြောင်း ဦးမင်းသူက ဆွေးနွေးသည်။ရန်ကုန်မြို့ရှိ ပြည်လမ်းတစ်လျှောက်တွင် ဓာတ်တိုင်တစ်တိုင်နှင့် တစ်တိုင်သည် ကိုက် ၅၀ ကွာဝေးကြောင်း၊ နိုင်ငံ၌ လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိသေးချိန်တွင် နေပြည်တော်၌ လမ်းမီးများကို လိုအပ်သည်ထက် ပိုသုံးကာ လျှပ်စစ်မီးခများ ကုန်ကျခံနေခြင်းသည် မဖြစ်သင့်ကြောင်း၊ နိုင်ငံအတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အားများ ပြည့်ဝချိန်မှသာ လမ်းမီးများအတွက် ပြည့်ပြည့်၀၀ သုံးစွဲသင့်ကြောင်း ဆက်လက်ဆွေးနွေးသည်။လက်ရှိတွင် နိုင်ငံ၏ တစ်ဝက်ကျော်နှင့် နေပြည်တော် နယ်မြေများ၏ ရာခိုင်နှုန်း ၇၀ ကျော် ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် မရသေးကြောင်း၊ ကျေးရွာများ လျှပ်စစ်မီးသုံးစွဲခွင့် ရရှိရေးအတွက် နိုင်ငံတော်ဘတ်ဂျက်၊ ပြည်ပထောက်ပံ့ငွေ၊ ပြည်သူများ၏ ထည့်ဝင်ငွေ၊ တစ်ဦး ကျပ်ငါးသိန်းခန့်၊ ကျေးရွာတစ်ရွာ ကျပ်သိန်း ၅၀၀ ခန့် ကုန်ကျခံနေရသော ကိုယ်ထူကိုယ်ထ မီးလင်းရေး ဆောင်ရွက်နေချိန် နေပြည်တော် လမ်းမီးအတွက် တစ်ညတာ ကုန်ကျစရိတ်သည် ကိုယ်ထူကိုယ်ထ ကျေးရွာများ မီးလင်းနိုင်သကဲ့သို့ တစ်နာရီ ကုန်ကျငွေသည် ပြည်သူတစ်ဦးချင်း ထည့်ဝင်ကုန်ကျငွေအတွက် သက်သာစေမည်ဖြစ်ကြောင်း ဦးမင်းသူက ဆွေးနွေးသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် နေပြည်တော်ကောင်စီမှ တောင်းခံထားငွေသည် ကျပ်သန်းတစ်သောင်း တောင်းခံထားပြီး ကျပ် ၁၂၃၆ ဒသမ ၂၈ သန်း ဖြတ်တောက်ရန်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကျပ် ၁၅၆၆၆ ဒသမ ၂၁၄ သန်း တောင်းခံထားသည့်အနက် ကျပ်သန်း ၅၀၀၀ ဖြတ်တောက်ရန် လျာထားကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြထားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နေပြည်တော်ရှိ လမ်းမီးများအတွက် ဓာတ်အားခ ကျပ်သန်း ၁၀၀၀ နီးပါး တောင်းခံထားရာ ထက်ဝက်ခန့်လျှော့ချပြီး ကျေးလက်မီးလင်းရေးအတွက် အထောက်အပံ့ ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ဆွေးနွေး















