မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ တောင်သမန်အင်း အတွင်း၌ အင်းရေ ကျဆင်းလာ၍ အင်းပတ်လည်ရှိ လယ်မြေအချို့တွင် ရာသီပေါ်သီးနှံများ ထွန်ယက် စိုက်ပျိုးမှုများ စတင်ပြုလုပ်လျက်ရှိပြီး အင်းရေညစ်ညမ်းလာမှုနှင့် မြေသြဇာညံ့ဖျင်းလာမှုတို့ကြောင့် ဒေသခံ တောင်သူများမှ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
လက်ရှိအချိန်တွင် တောင်သမန်အင်းအတွင်း အလုံပိတ် ငါးမွေးမြူရေး လုပ်ငန်းများကြောင့် အင်းရေမှာ မူလသဘာဝအတိုင်း မဖြစ်ပေါ်နိုင်တော့ဘဲ အင်းရေကျဆင်းမှု နည်းပါးခြင်းကြောင့် စိုက်ပျိုးထွန်ယက်ရန် ခက်ခဲခြင်း၊ အင်းအတွင်း အမှိုက်စွန့်ပစ်ခြင်း၊ အင်းရေ ညစ်ညမ်းလာခြင်းနှင့်အတူ သဘာဝမြေသြဇာမှာလည်း ညံ့ဖျင်းလာနေကြောင်း အဆိုပါအင်းအတွင်း၌ စိုက်ပျိုးမှုများ လုပ်ဆောင်လျက်ရှိသည့် ဒေသံတောင်သူများက ပြောကြားသည်။
“အခု အင်းရေကျလို့ စိုက်ဖို့ပြင်ရင် ထွန်ရတာက ခက်ခဲလာတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်လောက်ကဆိုရင် သဘာဝအတိုင်း အင်းကရှိနေတာဆိုတော့ အင်းရေကျချိန်မှာ နုန်းတွေနဲ့ မြေသြဇာကောင်းတယ်။ အခုစိုက်ရတာက ရေကလည်း မသန့်ရှင်းတော့ မြေသြဇာကလည်း အရင်လိုမကောင်းတော့ဘူး။ အထွက်နှုန်းကတော့ မြေသြဇာညံ့လာတော့ ကျပြီပေါ့။ တောင်သူတွေရဲ့ဆန္ဒကတော့ အင်းကိုသဘာဝအတိုင်း ပြန်ဖြစ်စေချင်တယ်။ အင်းရေကျရမယ့်အချိန် အင်းရေဟာ သူ့သဘာဝအတိုင်း ကျသွားရမယ်။ အမြဲတမ်းရေဝပ်နေတာ မကောင်းဘူး”ဟု တောင်သမန်အင်းအတွင်း လယ်စိုက်ပျိုးရေး လုပ်ကိုင်လျက်ရှိသည့် အသက် ၇၀ ကျော် အရွယ်ရှိ တောင်သူကြီးတစ်ဦးက ပြောကြားသည်။
ယခင်က တောင်သမန်အင်းရေမှာ ဆောင်းရာသီမှ နွေရာသီကာလအတွင်း သဘာဝအလျောက် အင်းရေ ကျဆင်းသွားခြင်းကြောင့် အင်းအတွင်း၌ တောင်သူများက ရာသီပေါ်သီးနှံများ ထွန်ယက် စိုက်ပျိုးခဲ့ကြသော်လည်း ယခုလက်ရှိ အင်းရေကျချိန်တွင် ကုန်းမြေများ ပြန်လည် ပေါ်ထွန်းလာသော်လည်း အချို့နေရာများတွင် ရေဝပ်နေဆဲကြောင့် ထွန်ယက် စိုက်ပျိုး၍မရသည့် တောင်သူများလည်း ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် တောာင်သမန်အင်း ရေကျဆင်း လာချိန်ဖြစ်သောကြောင့် ဒေသခံ တောင်သူများမှ စပါး၊ မြေပဲ၊ ဟင်းသီးဟင်း ရွက် အစရှိသည့် ရာသီစာသီးနှံများအား စိုက်ပျိုးလျက်ရှိနေပြီး တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများလည်း လုပ်ကိုင်ကြကြောင်း သိရသည်။ တောင်သမန်အင်းအတွင်း လက်ရှိစိုက်ပျိုးနိုင်သည့် လယ်မြေဧက ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
ထို့အပြင် လက်ရှိ တောင်သမန်အင်းရေမှာ ဆိုးရွားစွာ ညစ်ညမ်းလာနေပြီး ၂၀၁၅ ခုနှစ် အတွင်းက အင်းအတွင်းရှိ ငါးကောင်ရေ ရာချီ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အင်းအတွင်း အလုံပိတ် ငါးမွေးမြူနေမှုအား ခွင့်ပြုထားသည့်အပေါ် ဝေဖန်မှုများ ဆက်တိုက် ဖြစ်ပေါ်နေဆဲဖြစ်သည်။ ယင်းသို့ ဖြစ်ရပ်များကြောင့် ယခုနှစ် ဘဏ္ဍာရေးနှစ်မှစတင်ကာ ပုဂ္ဂလိက ငါးမွေးမြူခွင့်အား ခွင့်ပြုတော့မည် မဟုတ်ကြောင်း ငါးဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
တောင်သမန်အင်းရေ ကျဆင်းလာ၍ အင်းပတ်လည်ရှိ လယ်မြေအချို့တွင် ရာသီပေါ်သီးနှံများ ထွန်ယက်စိုက်ပျိုးမှု စတင်ပြုလုပ်















