မြန်မာ့ မီးရထားရုံးချုပ်ဟောင်းအား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းပြီး ကြယ်ငါးပွင့် ဟိုတယ်အဖြစ် တည်ဆောက်မည့်Yangon Peninsula Hotel စီမံကိန်းနှင့် အဆင့်မြင့် လူနေတိုက်ခန်းနှင့် ရုံးခန်းများ ပါဝင်မည့် စီမံကိန်းအတွက် စီမံကိန်းမြေနေရာတစ်ခုလုံး၏ မြေငှားရမ်းသက်တမ်းတိုးခြင်းစာချုပ် အပါအဝင်ဖြစ်သော မူဘောင်သဘောတူညီချက်စာချုပ်ကို ရိုးမအုပ်စုနှင့် မြန်မာ့မီးရထားတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း ဇန်နဝါရီ ၇ ရက် ရက်စွဲဖြင့် ရိုးမအုပ်စု၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါစီမံကိန်းကို ၉ ဒသမ ၅ ဧက ကျယ်ဝန်းသော မြေနေရာအမှတ် ၁ နှင့် ၀ ဒသမ ၅ ဧက ကျယ်သောမြေနေရာအမှတ် ၂ တို့ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ရိုးမအုပ်စုနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ချုပ်ဆိုသော မူဘောင်သဘောတူညီချက်တွင် ပါဝင်သည့် အချက်အချို့မှာ မြေနေရာ ၁ အတွက် ၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်သည့် နှစ် ၅၀ ကနဦးမြေငှားရမ်းခြင်း သက်တမ်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ မြေငှားသက်တမ်းတိုးခွင့်၊ မြေနေရာ ၂ အတွက် ၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်သည့် နှစ် ၅၀ ကနဦး မြေငှားရမ်းခြင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ မြေငှားသက်တမ်းတိုးခွင့်၊ မြေနေရာ ၁ နှင့် ၂ ငှားရမ်းခွင့်ကို ပေါင်းစပ်ပြီး ကနဦး မြေငှားရမ်းခြင်း သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုသွားမည်ဖြစ်ပြီး အဆိုပါစာချုပ်ကို မြေငှားစာချုပ်နှစ်ခုအဖြစ်ခွဲကာ အပြည်ပြည်ဆိုင်ရာ ကြယ်ငါးပွင့် ဟိုတယ်ဖွံ့ဖြိုးရေး စီမံကိန်းအတွက် မြေငှားစာချုပ်တစ်ခုနှင့် ကျန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ရယူ၍ ဆက်လက်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။မြေငှားစာချုပ်နှစ်ခုလုံးအတွက် သဘောတူညီချက်များကို မူဘောင်သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးသည့်နေ့မှ သုံးလအတွင်း အပြီးလုပ်ဆောင်ရန် နှစ်ဖက်စလုံးမှ သဘောတူညီကြောင်း သိရသည်။မူဘောင်သဘောတူညီချက်ကို ဆောင်ရွက်ရာတွင် The Hongkong and Shang-hai Hotels Limited (Hongkong and Shanghai Hotels) နှင့် Yoma Strategic ကုမ္ပဏီတို့သည် လက်ရှိရှယ်ယာပိုင်ဆိုင်မှု သဘောတူညီချက်အရ Long Stop date ကို ၂၀၁၆ ခုနှစ် ဇွန် ၃၀ အထိ ဆက်လက်ထားရှိရန် သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့ မီးရထားရုံးချုပ်ဟောင်းနေရာအား Yangon Peninsula Hotel စီမံကိန်းနှင့် အဆင့်မြင့် လူနေတိုက်ခန်း၊ ရုံးခန်းများ ပါဝင်မည့် စီမံကိန်းအတွက် ရိုးမအုပ်စုနှင့် မြန်မာ့မီးရထားတို့ လက်မှတ်ရေးထိုး















